ကယ်တင်ခြင်း

2.9K 219 49
                                    

အပိုင်း ( ၂၆ )

အရှင်တစ်ယောက်......
ညတုန်းကထူးထူးဆန်းဆန်းအရင်ကလို
သေချာဂရုစိုက်ပြီး ထွေးပွေ့ပေးထားခဲ့
တယ် အရင်လိုလုံးဝပြန်ပြီး မဖြစ်နိုင်သေး
ပေမဲ့ ရက်စက်မှုတွေလည်းမပေးတော့ပါ
ဒီတော့ Chenတစ်ချိန်လုံး ပြုံးရွှင်နေတာပေါ့

" သခင်လေး နံနက်စာရပါပြီ သုံးဆောင်ပါတော့ "

" ကျနော့်ကို တူပေးပါ "

" ပန်းကန်ပေါ်မှာပဲလေ သ သခင်လေး တကယ်ပဲ
ဘာမှမမြင်ရသေးဘူးလား ဘယ်လိုလုပ်မလဲ ဒါနဲ့ဆို
မမြင်ရတာ ရက်အနည်းငယ်ရှိနေပြီလေ "

" ချက်ချင်းပျောက်ဖို့ဘယ်လွယ်မလဲ မကြာခင်ဆေး
နည်းရတော့မှာ မဟုတ်တာတွေမပူနေနဲ့ "

" အရှင့်ကိုပြောလိုက်ပါတော့ အခုတလော အရှင်မင်းကြီး
က သခင်လေးကိုပြန်ဂရုစိုက်လာပြီလေ နှင်မထုတ်လောက်
ပါဘူး "

" အပိုတွေမပြောနဲ့တော့ တူသာအမြန်ပေး ဗိုက်ဆာလာ
ပြီ ဟာ ဟင်းခွက်တစ်ခွက်နဲ့တစ်ခွက် လက်နှစ်လုံးခွာထား
ပါဆို ဟင်းချိုခွက်ကို အလယ်တည့်တည့်ထားနော် "

Chenသိပါတယ် ဘေးနားကရှိုက်သံ
ကြောင့် အထိန်းတော်ကြီးငိုနေပြီဆိုတာ

" မနက်ဖြန် မင်းသားလေး ဘွဲ့ပေးအပ်မဲ့အခမ်းနား
အရှင်ကခေါ်ရင်ခေါ်မှာ ကလေးအတွက်ပိုးသားအစလေး
နဲ့ဝတ်ရုံသေးသေးလေးချုပ်ပေး မိဖုရားwaiကိုလက်
ဆောင်ပေးရမယ် "

" ကောင်းပါပြီ "

.

.

.

.

ညဘက်ရောက်တော့ Chenဝမ်းသာ
အားရ အပြင်ပြေးထွက်လာခဲ့တယ် သူ
ခဏပြန်မြင်လာပြန်ပြီ အခွင့်ရေးရတုန်း
အရှင့်ကိုပြေးကြည့်ရဦးမယ် မမြင်ရတာ
တစ်ပတ်လောက်ရှိနေပြီ နောက်ဘယ်ချိန်
မှထပ်မြင်ရမလဲ မသိနိုင်တော့လို့

" ဟင် ဘယ်သူလဲ "

အနက်ရောင်ဝတ်ရုံရှည်ကိုတစ်ကိုယ်လုံး
အပြည့်ဖုံးကွယ်ထားတဲ့ လူတစ်ယောက်
အရိပ်မြင်လိုက်တာကြောင့် တိတ်တဆိတ်
နောက်ကခြေရာလိုက်ခံခဲ့တယ် လုပ်ကြံ
မဲ့သူဆိုရင်တော့ ရအောင်ဖမ်းပေးရမည်

အဆိပ်သင့်ကြင်ယာတော် (Z&U)Wo Geschichten leben. Entdecke jetzt