လျှို့ဝှက်ခရီးစဉ် (unicode)

1.1K 44 0
                                    

အပိုင်း ( ၁ )

ချောက်ကမ်းပါးကိုပတ်၍ဖောက်ထားသော
အန္တရာယ်များသည့်လမ်းမို့ လူ၁၀ယောက်
ကျော်သာပါသည့် တပ်ဖွဲ့လေးအထူးသတိပြု
ကာ သူတို့အရှင်သခင်ကို အလေးထားဂရုစိုက်
နေကြသည်

အကျယ်၅ပေသာသာလောက် သာရှိပြီးမိုး
သည်းထန်စွာရွာသွန်းထားသည့်အတွက်
လည်း ကျောက်သားများကချောနေသည်

တနေ့လုံး သတိကြီးစွာဖြတ်ကျော်ပြီးနောက်
သာမန်တောင်ကုန်းတောင်တန်းလေးတွေနဲ့
စိမ်းလန်းလို့နေသည့် တောအုပ်ရွာဆိုသည့်
နယ်မြေသို့ရောက်ရှိလာခဲ့တော့သည်

" အရှင် နောက်ဆုံးတော့ ဒီရွာကိုရောက်ခဲ့ပြီ "

နဘေးမှကိုယ်ရံတော် Wan ဝမ်းပမ်းတသာ
ပြောရှာသည်

" ကိုယ်တော့်မိတ်ဆွေလည်း ရှိနေသေးဖို့မျှော်လင့်ပါတယ် "

" အရှင့်မိတ်ဆွေကဘယ်လိုသူမို့ ကိုယ်တိုင်လာရောက်ရ
တာလဲဆိုတဲ့ သိချင်စိတ် ကျနော်မျိုးထိန်းမရတော့ဘူး "

" မြောက်ပိုင်းမှာသိုင်းပညာသင်တုန်းက တွေ့ခဲ့တာ
သူကဆေးဆရာကြီးတစ်ယောက်ရဲ့သား ကိုယ်တော်သာ
ဘုရင်ဖြစ်ရင် သူ့ကိုရွာကနေခေါ်ထုတ်မယ်လို့ကတိပေးခဲ့
တယ် သူကဆေးပညာနဲ့ ကိုယ်တော့်အသက်ကိုကယ်
ခဲ့ဖူးတယ်လေ "

တကယ့်အကြောင်းရင်း မဟုတ်မှန်းကိုယ်ရံတော်
သိပေမဲ့ ဆက်မမေးလေတော့ ဘုရင်သည် လူငယ်
ပီပီ နေရာအနှံ့သွားချင်သည် အိမ်ရှေ့စံဘဝကတည်းက
တိုက်ပွဲမျိုးစုံ တိုက်ခဲ့ဖူးသည် ငြိမ်ငြိမ်ထိုင်နေရသည်
ကိုမနှစ်သက်မှန်း ငယ်ငယ်ထဲကခစားလာသည့်
ကိုယ်ရံတော် Wanအသိဆုံးပင်

အသက် ၂၁နှစ်အရွယ်သာရှိသေးသည့် ဘုရင်သည်
နတ်ရွာစံ ဘုရင်မင်းမြတ်ထံမှ ထီးနန်းစောစောရခဲ့
လေတော့ မယ်တော်ဖြစ်သူ ဝမ်းမြောက်မဆုံးဖြစ်နေ
ခဲ့သည်

သူအိမ်ရှေ့စံဘဝကတည်းက မာန်မာနကြီးမားလွန်း
၍အာဏာပြတတ်သောမယ်တော်ဖြစ်သူ တိုင်းပြည်ရေး
ရာဝင်မပါအားအောင် နန်းတော်အတွင်းရေးမှန်သမျှ စိတ်ကြိုက်ဆောင်ရွက်ခွင့်ပေးထားရသည်

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now