ရွှေနန်းတော်ဝယ်

358 22 0
                                    

အပိုင်း ( ၅ )

နန်းတော်ထဲမှာတော့ မငြိမ်မသက်နဲ့
လှုပ်လှုပ်ရှားရှား သူ့အဖွဲ့နဲ့သူအလုပ်ရှုပ်
နေကြသည် အကြောင်းက နှစ်ဝက်လောက်
ခရီးထွက်သွားသည့် ဘုရင်မင်းမြတ်ပြန်ရောက်
လာမည့်အတွက်ကြောင့်ဖြစ်သည်

သည့်အပြင်.........
တမြို့လုံးကလူတွေ စိတ်ဝင်စားနေကြသည်က
ဘုရင့်အချစ်ကိုပိုင်ဆိုင်သွားသည့် ကြင်ယာတော်
အကြောင်းလည်းပါနေ ပါသည်

ဘယ်မိဖုရားကိုမှအမိန့်ထုတ်ပြီးနန်းဆောင်အသစ်
မချီးမြင့်ခဲ့ဖူးတဲ့ဘုရင်က ယခုမှာတော့ ကြင်ယာတော်
မရောက်ခင် လေးလလောက်ကြိုပြီးအခိုင်အမာ
နန်းဆောင် ဆောက်လုပ်ထားစေသည်

ဒါ့ပြင် အသွားခရီးက ၂လလောက်
သာကြာခဲ့ပေမဲ့ အပြန်ခရီးမှာတော့ နှစ်ဆနီးပါးပိုကြာ
သည်ကိုလည်း အထူးအဆန်းဖြစ်နေကြသည်

မယ်တော်ဖြစ်သူကတော့ ဝမ်းမြောက်မဆုံး သူမ
သိပ်ကိုလိုချင်နေခဲ့တဲ့ နန်းလျာမင်းသားမွေးပေးနိုင်မည့်
ချွေးမတော်ကြောင့် နန်းဆောင်ဆောက်လုပ်သည့်
ကိစ္စလည်းဝင်မပါ သားတော်သဘောကျမည်အထင်နှင့်
လက်ဆက်ပေးခဲ့တဲ့ မိဖုရားများကိုလည်း သိပ်အရေး
မပေးတော့ သို့သော် သမက်တော်ဖြစ်နေသည့်
Chenကိုတွေ့ရင်တော့ သူမသိပ်ခံရခက်လိမ့်မည်

မိဖုရားများသည်လည်း သူ့ထက်ငါအပြိုင်ပြင်ဆင်ရင်း
နန်းတော်အဝင်ဝတွင်ရပ်စောင့်နေကြသည် သူတို့သိပ်
ကိုလှပတာတောင် ဘုရင်ကတစ်ချက်မလှည့်ကြည့်ခဲ့
ထို့ကြောင့် အခုကြင်ယာတော်သည် နတ်သမီးထက်
သာလွန်သည့် အလှပမျိုးပိုင်ဆိုင်ထားသည်ဟု တွေး
ထင်ရင်းသိမ်ငယ်နေကြသည်

" အရှင်မင်းကြီးကြွချီလာပါပြီ "

" သားတော် ခရီးမှာပျော်ခဲ့ရဲ့လား "

" အပျော်ဆုံးခရီးပါပဲ မယ်တော် "

အားလုံးမျှော်လင့်နေသူကတော့ နတ်သမီး
ကြင်ယာတော် အားလုံးခေါင်းငုံ့နေရပေမဲ့
အလွန်တရာကိုမှ မြင်ဖူးချင်လွန်းလှသည်

" ဒါနဲ့သားတော် ချွေးမတော်ပါလာမယ်ဆို "

" chen လာလေ "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now