လွမ်းမောဖွယ်

3.1K 255 79
                                    

အပိုင်း ( ၂၉ )

၂နှစ်ခန့်ကြာသော်............

" Zhang ဧက္ကရာဇ် ကျန်းမာပါစေ
Zhang ဧက္ကရာဇ် အောင်မြင်ပါစေ......"

စသဖြင့်ပြည်သူတွေဟစ်ကြွေးနေကြသည်
အချိန်တိုအတွင်း တစ်စတစ်စပြန့်ကျဲနေတဲ့
တိုင်းပြည်ကြီးကို နောက်ဆုံးမှာတော့
ဘုရင်Yixing ပေါင်းစည်းနိုင်ခဲ့ပြီ တိုင်း
ပြည်အကျယ်ဝန်းကို ခန့်မှန်းချက်အရတော့မြေပုံ
ပေါ်ထောက်လိုက်တာနဲ့ ဘယ်နေရာထောက်
ထောက်Yixing သိမ်းပိုက်ထားတဲ့ပိုင်နက်
နေရာတွေချည်းသာဖြစ်သည်

" ငါတို့ အရှင်ကတကယ့် စစ်ဘုရင်ပဲ တိုက်ပွဲတိုင်းအောင်
နိုင်တယ် "

" တခြားတိုင်းပြည်က ဘုရင်တွေကိုကညံ့ဖျင်းတာပါ
အချိန်ပြည့် ကာမယစ်မူးပြီး အမျှော်မြင်နည်းတာကိုး
ကျုပ်တို့အရှင်ကတော့ တခြားစီတကယ့်ကိုလေးစားစရာပဲ ပြည်သူတွေအတွက်ပဲ စဉ်းစားပေးတယ် "

" ဒါနဲ့ ကျုပ်တို့ကုန်အဖွဲ့ နန်းတော်ဝင်ပြီး မင်းတို့အရှင့်ကို
ပဏ္ဏာဆက်သတော့ ထူးဆန်းတာရှိတယ် "

" ဘာထူးဆန်းတာလဲ သူဌေးမင်း"

" တိုင်းပြည်တော်တော်များများရောက်တိုင်း ကျုပ်တို့
ကုန်အဖွဲ့ရောင်းဝယ်ခွင့်ပြုဖို့ လက်ဆောင်ပဏ္ဏာဆက်သ
ရတယ်လေ ဒါကြောင့်ဘုရင်တွေအပြင် မိဖုရားတွေကိုပါ
ဆက်သရတယ် ဒါပေမဲ့ ဒီကိုရောက်တော့ မိဖုရားတစ်ပါးမှ
ဝင်ပါတာမတွေ့ရဘူး မိဖုရားခေါင်လဲမရှိဘူးဆို ကြားဖူး
တဲ့အတိုင်း အရှင့်မှာ ဘာအချစ်တော်မှမရှိဘူးလား
ကျုပ်မှာ အလှအပလေးတွေရှိတယ် ဆက်သ......"

" ရှူးး သူဌေးမင်းလည်ပင်းပြတ်သွားမယ် "

" ဘာ ဘာလို့လဲ "

" ကျနော်တို့အရှင်ရဲ့အချစ်ရေးက သူ့တိုက်ပွဲတွေလိုတော့
မလှပခဲ့ပါဘူး အရင်က နာမည်ကြီးကြင်ယာတော်Chen
ဆိုတာရှိခဲ့တယ် မြို့စားလည်းဖြစ် စစ်ပွဲတိုင်းမှာအတူယှဉ်
တွဲတွေ့ရတဲ့ လက်ထောက်စစ်သူကြီးလည်းဖြစ်တယ်
ဒါပေမဲ့ အရှင်က နောက်အချစ်သစ်တွေ့သွားတယ်လည်း
ဆိုရော အဆိပ်ပြင်းတဲ့အဲ့ဒီ့ကြင်ယာတော်က ကျနော်တို့
မိဖုရားငယ်နဲ့ မင်းသားလေးကို မီးရှို့သတ်ပစ်လိုက်တယ်
တဲ့ သူဌေးမင်းတွေးကြည့်ပါ အချစ်ဆုံးလူက နောက်အချစ်
ဆုံးလူကိုသတ်ပစ်တော့ အရှင် ဆိုးဆိုးရွားရွားရင်နာရပြီပေါ့ "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now