ဆိုးသွမ်းသူနှစ်ယောက်

4.2K 234 8
                                    

အပိုင်း ( ၂ )

" baek ငါတော့ ဆေးမြစ်မတူးချင်ဘူး ဗိုက်ဆာတယ်
ညက လည်း geငါတို့ကို ထမင်းမကျွေးဘူး "

ဘုရင့်ရှေ့မရောက်ရန်နှင့် မျက်စိမရှုပ်စေရန်
ညီငယ်နှစ်ယောက်အား တောင်ပေါ်တွင်ဆေးမြစ်
တစ်နေကုန်တူးရန် yifan စေလွှတ်လိုက်သည်

" ငါရောပဲ ဆေးမြစ်တူးပြီး တစ်ဝက် geမသိအောင်
ရောင်းစားကြမလား "

" အာာ မှာတဲ့အတိုင်းခြင်းထဲမှာမပြည့်ရင် ဆူခံရမှာပေါ့ "

" ဟွန့် ဒါဆိုဘယ်ကငွေနဲ့ဝယ်စားမှာလဲ "

" အွန်းးးး အကြံရပြီ မင်းကဆေးမြစ်သွားတူး ငါကကျား
သွားဖမ်းမယ် ဒါဆို သားရေရောင်းစားပြီး တစ်ဈေးလုံးပတ်
စားလို့ရပြီ "

" ကောင်းတယ် chen ဒါကောင်းတယ် "
.

.

.

.
သိုင်းပညာဆိုလို့ ယောင်လို့တောင် မသင်ဖူးသူ
နှစ်ယောက် လက်ဗလာနဲ့ကျားတစ်ကောင်ဖမ်းဖို့
ယုံကြည်မှုအပြည့် သို့ပေမဲ့ တောရိုင်းကောင်ကိုဖမ်း
ဖို့အဓိကလိုအပ်တဲ့ ခွန်အားတော့မရှိနိုင် အဘယ့်
ကြောင့်ဆိုတော် wu အိမ်တော်တွင် ထိုနှစ်
ယောက်ထက်သေးသူမရှိတော့

သတ်မှတ်ထားတဲ့အတိုင်း ချိန်းထားသည့်
နေရာတွင် baekတစ်ယောက်ထဲဆေးမြစ်
တောင်းနှစ်တောင်းအပြည့်ဖြင့်စောင့်နေသည်
ကျားဖမ်းနေသူကတော့ အရိပ်ပင်မတွေ့ရသေး

" chenလာပါတော့ မိုးချုပ်တော့မယ် ဟင့် ဟင့်
chenကျားစာဖြစ်သွားပြီထင်တယ် အီးးးးဟီးးးး
chenရေ chen ငါဘယ်လို geကိုရှင်းပြရမလဲ "

စောင့်ရတာအတော်လေးကြာလေတော့
baekအော်ဟစ်ငိုယိုနေပါတော့တယ်

" baekhyun aah ဘာလို့ငိုနေတာလဲ ငါဘာမှမဖြစ်
ပါဘူး "

" yar!! ငါမင်းကိုကျားစာဖြစ်ပြီထင်တာ ဟင် ဘယ်မှာလဲ
ကျားအရေခွံ ငါဗိုက်ဆာလို့သေတော့မယ် "

" ဟဲ ကျားတွေမရှိဘူးကွ အဲ့တော့ တွေ့တဲ့ယုန်ပဲဖမ်းလာ
တယ် "

" ဘာ!! ငါကျတော့မင်းအတွက်ပါတနေကုန် ဆေးမြစ်
တူးနေရတယ် မင်းကျတော့ ယုန်တစ်ကောင်ကို တနေကုန်
စောင့်ဖမ်းနေတယ် ယုန်တောင်အသားမကျန်တော့ဘူး
သေစမ်း chenစုတ် "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now