အဖော်မဲ့သော

2.5K 170 15
                                    

အပိုင်း ( ၉ )

အရှင်မရှိသောအရပ်သည် ငြီးငွေ့ဖွယ်ကောင်းလှသည်
Chenတစ်နေကုန် ဓားရေးကျင့်ပြီး ညပိုင်းတွင်စစ်ရေး
ဗျူဟာစာပေများဖတ်ရှုပြီး ကိုယ့်ကိုယ်ကို အားလပ်ချိန်
မပေး အရှင့်ကို အရမ်းသတိရလာလျှင် လက်ဆောင်
အဖြစ်ထားခဲ့တဲ့ ယုန်ဖြူလေးများကို အစာသွားကျွေးသည်
ယုန်အသားမစားမိအာင် ယုန်လေးများကိုကြိုးစားချစ်ပေး
ရှာပါသည်

" စား စား အရှင်ပြန်လာတဲ့အထိ မင်းတို့အားလုံး အသက်ရှင်
နေမှဖြစ်မှာ "

ယုန်လေးများကိုမုန်လာဥကျွေးရင်း
အပျင်းပြေစကားပြောနေမိသည်
မုန်လာဥခြင်းထဲမှ မုန်လာဥကိုလက်
တစ်ဖက်က ယုန်ကျွေးကာ ကျန်တစ်
ဖက်ကတော့ ကိုယ်တိုင်ကိုက်စားနေ
တော့သည်

" ချိုနေတာပဲ ယုန်ဖြစ်တာ ကောင်းလိုက်တာ "

" သခင်လေး "

" ဟင် ဘာပြောမလို့လဲ "

" ဟို မယ်တော်ကြီးမွေးနေ့ပွဲမို့ နန်းတော်ထဲက မိဖုရား
နဲ့ ကြင်ယာတော်ပါမကျန် အကုန်တက်ရောက်ရမယ်တဲ့ "

" ဟူးး မပတ်သက်ချင်ပါဘူးဆို "

Chen အတွက်နေ့ရက်ဆိုးတွေကကျရောက်
လာတော့မှာလား အရှင်သွားခါစမို့ ဘယ်သူမှ
သိပ်အနိုင်မကျင့်ရဲသေးတာ နောက်ဆိုသူဘယ်
လိုများရင်ဆိုင်ရမှာပါလိမ့် ပွဲတော်အနည်းငယ်
အရှင်ခေါ်လို့ လိုက်သွားတာတောင် မထိတထိနဲ့
ရွဲ့စောင်းကာ အရှင်မသိအောင် အမျိုးစုံမနာလိုမှု
ကိုဖော်ပြကြသည်လေ

" လက်ဆောင်ပြင်ပြီးသွားကြတာပေါ့ "

" ဟုတ်ကဲ့ သခင်လေး "

*

*

*********

ရင်းနှီးသူမရှိသည့်နန်းတော်ထဲလမ်းပြပေး
သူကြောင့်သာ မယ်တော်ကြီးနန်းဆောင်သို့
ရောက်လာရသည် မဟုတ်ရင် ဘယ်အဆောင်
ကဘာမှန်း Chenလုံးဝမသိ အရှင်ကသိခွင့်
လဲမပေး Chenလည်း ကိုယ်ပိုင်နန်းဆောင်
မှာ လိုလေသေးမရှိအောင်နေရတာမို့ ဘာမှထပ်
ပြီးမတောင်းဆိုမိ

" မယ်တော့်ကို ဂါဝရပြုပါတယ် "

" နောက်ကျလှချေလား ကြင်ယာတော်Chen "

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now