ချစ်သက်လက်ဆောင်

2.3K 168 9
                                    

အပိုင်း ( ၁၆ )

" ကိုယ့်ရဲ့ ဆက်ခံမဲ့သူလိုတယ် Chen "

တစ်ချိန်ချိန်မှာ အရှင်ကိုယ်တိုင် ဒီစကားကို
ပြောလာလိမ့်မယ်မှန်း Chenသိနေခဲ့ပါတယ်
ဒါပေမဲ့လည်း တကယ်တမ်းလက်တွေ့မှာတော့
ထိုးနှက်ချက်ကြီးမားလွန်းလှသည် အရှင့်အတွက်
အဓိက လိုအပ်ချက်ကို တခြားသူတွေကသာ
ြ့ဖည့်ဆည်းပေးနိုင်မည် ကိုယ်ကတော့......

" ဒါဆို ထပ်ပြီး လက်မထပ်သင့်တော့ဘူးမဟုတ်လား
အရှင့်အတွက် မိဖုရားတွေ များနေပြီလေ "

" သူတို့ကိုသာ ကိုယ်ဝန်လွယ်စေရင် Chenအေးအေး
နေရမယ်ထင်လား တကယ်လို့ သားတော်သာဖွားမြင်ကြည့်
ဘက်တော်သားတွေစုလာပြီး အကုန် တိုက်ခိုက်ကြလိမ့်မယ် "

" အရှင်ကာကွယ်ပေးလို့ရတာပဲလေ "

" အဲ့ဒီ့အစား အနေအေးပြီး ရိုးသားတဲ့ မိဖုရားတစ်ပါးသာဆို
Chenအတွက် ကိုယ်စိတ်ချနိုင်လိမ့်မယ် အဲ့ဒါ waiပဲ "

" အရှင်သဘောကျတာ သာလုပ်ပါတော့ Chenကဘာမှ
မသိတဲ့သူမဟုတ်လား "

" Chenရယ် ကိုယ့်ကိုမရွဲ့ပါနဲ့ "

Chenသဘောမတူငြင်းဆန်နေတဲ့ကြားက
အရှင်ကတော့ လက်ထပ်ပွဲကိုကျင်းပခဲ့ပြီ
ဖြူဖွေးပြီးတကယ်ကိုလှပတဲ့ မိန်းကလေး
တနည်းအားဖြင့် အရှင်လိုချင်နေခဲ့တဲ့နတ်သမီး
သဖွယ်ပါပဲ Chenနဲ့အရှင်လက်ထပ်ပြီးကိုးနှစ်
အကြာမှ ပထမဆုံးတင်မြောက်ခံရတဲ့မိဖုရား
ပေမို့ Chenဘယ်လိုမှအကောင်းမြင်ပေးလို့
မရ မနာလိုစိတ်မရှိရဘူးလို့ ကိုယ့်ကိုယ်ကို
ဆုံးမနေရပေမဲ့ တကယ်တမ်းတော့ မဖြေသာ

တူရိယာသံတွေ ချီးမြှောက်သံတွေ နဘေးမှမထိ
တထိနှိမ့်ချသံတွေကြား အသိစိတ်မဲ့ကာမျက်ဝန်း
မှမျက်ရည်များသာ တစ်တောက်တောက်ကျနေခဲ့
သည် အရှင့်ကို Chenအဲ့လောက်ချစ်ရပါသည်

*

*

*

" သခင်လေး အထဲဝင်ပါတော့ "

နန်းဆောင်မှာတော့ Chenပြန်ရောက်ကတည်း
က ဓားတစ်ချောင်းနဲ့ မိုးရေတွေကြားအပြင်းအထန်
လေ့ကျင့်နေခဲ့သည် အမှောင်ထုလွှမ်းလာလေ
ရင်ထဲမှာပူလောင်လာလေ အော်Chenရယ်
မင်းက မိုးကောင်ကင်ကို ဘယ်သူမှကြည့်မရ
အောင် လက်နဲ့ကာထားချင်သလိုဖြစ်နေပါပေါ့လား
ကိုယ်သာအရူးရဖြစ်ပေပေါ့

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now