အမှန်တရား

2.3K 166 32
                                    

အပိုင်း ( ၂၁ )

" သခင်လေး ရ ရခဲ့လား "

" အင်း တွေ့ပြီ အမြန်သွားစို့ "

နန်းတွင်းလျှို့ဝှက်ဌာနကိုခိုးဝင်ကာ
သူလိုချင်တဲ့ မှတ်တမ်းစာအုပ်တွေရမှ
တပွေ့တပိုက်နဲ့ ခိုးဝှက်ကာပြန်သွား
တော့တယ် လုံခြုံရေးအစောင့်တွေက
တော့ပန်းရနံ့ပြယ်မှ အိပ်ရာမှနိုးထလာ
ပါလိမ့်မယ်

" အာ တွေ့ပြီ ဒီထဲမှာ "

" သခင်လေး အရှင်ရောက်လာပြန်ပြီ ဘယ်လိုလုပ်မလဲ "

" ဟမ် ဖွက် ဖွက် မမြင်စေနဲ့ ဒီတစ်ခါတကယ်အသတ်ခံရ
မှာ "

Chenပျာယာပျာယာနဲ့ စာအုပ်ထူတွေကို
ကုတင်အောက်အကုန်ထိုးသွင်းကာ အခင်း
ရှည်နဲ့ဖုံးထားလိုက်တယ်

" ဘာတွေအလုပ်ရှုပ်နေလဲ Chen "

" အေး အေးလာလို့ စောင်တစ်ထည်ထပ်တောင်းချင်တာနဲ့
အိပ်ရာကနေထလာတာ "

" အော် အရမ်းအေးလို့ Chenချွေးတွေတောင်ထွက်နေ
ပြီပဲ ဒီကိုလာ ကိုယ်သုတ်ပေးမယ် "

" ဒါက ဒါက "

ပိုးသားပုဝါနဲ့နဖူးကချွေးတွေအသာသုတ်
ပေးရင်း လက်တစ်ဖက်က Chen
လည်ပင်းသားကို ခပ်ဖွဖွကိုင်ထားကာ

" မဟုတ်တာလုပ်မယ်စိတ်မကူးနဲ့Chen အပြစ်ပေးခံရ
မှာမင်းသိပ်ကြောက်မှန်းကိုယ်သိတယ် ဒီတိုင်းစစ်မဲ့ကာလ
မှာ ယုန်လေးတွေပန်းလေးတွေနဲ့ကစားနေ အသားမနာ
ချင်ရင် "

" ...... "

.

.

******* ******** ******** *****

" ဒါပေမဲ့လည်း အရမ်းသိချင်လို့ပါ Geကဘာကြောင့်
အမေမကြောင်းမမေးနဲ့ ဘယ်သူ့ကိုမှမပြောပြနဲ့ နန်းတော်
ထဲမသွားနဲ့ အဆိပ်ပင်တွေကိုထိရင်စားရင် ကြိမ်လုံးနဲ့
ရိုက်ခံရမယ် ဒါတွေကိုသတိမထားမိခဲ့ပေမဲ့ အခုတော့
သိသလိုလိုရှိလာပြီ "

" သခင်လေး "

" အမေကအဆိပ်သခင်မတဲ့လား စစ်သည်တော်တွေကို
ကျဆုံးအောင် အဆိပ်ငွေ့နဲ့သတ်ခဲ့တယ်တဲ့လား
မဖြစ်နိုင်တာ ဘယ်လိုတတ်နိုင်မှာတဲ့လဲ "

အဆိပ်သင့်ကြင်ယာတော် (Z&U)Donde viven las historias. Descúbrelo ahora