အချစ်သာပိုရသည်

2.3K 153 25
                                    

အပိုင်း ( ၁၄ )

နှစ်တွေကြာလာသည်နှင့်အမျှ Chen၏
အရေးပါမှုကို အခြားတိုင်းပြည်ကြီးကပါ
သိရှိလာကြသည် လက်အောက်ခံနိုင်ငံများ
ကလည်း တစ်ချိန်ကမယ်တော်ကြီးထံသာ
လက်ဆောင်ပဏ္ဏာများ ဆက်သပြီးအသိ
မှတ်ပြုခံယူခဲ့ပေမဲ့ ယခုမှာတော့ ကြင်ယာတော်
နှင့်တွေ့ဆုံလိုပြီး အရှင့်မျက်နှာသာပေးတာ
ခံချင်ကြသည်

" သံတမန်အဖွဲ့ဆက်သလိုက်တဲ့ လက်ဆောင်ပဏ္ဏာ
စာရင်းစာအုပ်ပါအရှင် "

" သတင်းအရဆို တစ်မျိုးလျော့နေသလိုပဲ Chen "

" သိပ်အရေးမကြီးတဲ့ အရာမို့ စိတ်ထဲမထားပါနဲ့ "

" ဘုရင့် ပိုင်ဆိုင်မှုကို စိတ်တိုင်းကျချန်လှပ်ထားတာ
ဘယ်လိုပြစ်ဒဏ်ခံရနိုင်မလဲဆိုတာ Chenအသိဆုံးပါ
ဒါကြောင့် ချက်ချင်းပြန်ဖြည့်ထားလိုက် "

" မလုပ်နိုင်ပါဘူး "

" Chenဘယ်အရာမို့ ကိုယ့်ကိုမပိုင်ဆိုင်စေချင်ရတာလဲ
ဒါဆိုလည်းကောင်းပြီ တာဝန်ခံကိုစစ်မေးရုံပေါ့ "

Chenဘယ်လိုမှသည်းမခံနိုင်တော့ဘဲ
အံကိုကြိတ်ပြီး လက်ကိုတင်းနေအောင်
ဆုပ်ကာ ခပ်ရွဲ့ရွဲ့ဖြင့်.........

" အရှင့်အတွက် နောက်ဆုံးဆက်သလိုက်တဲ့ လက်ဆောင်
က သိပ်ကိုငယ်ရွယ်ပြီး ကျနော်မျိုးနဲ့ယှဉ်လို့မရနိုင်အောင်
ချောမောလှပတဲ့ ကိုယ်လုပ်တော်ယောကျာ်းလေးပါ အရှင်
အရှင်သာ တကယ်အလိုရှိရင် ပြန်ခေါ်ထားပြီး လက်ထပ်ပွဲပါ
စီစဉ်ထားလိုက်ပါ့မယ် လူလိမ်အပြစ်သားကိုခွင့်ပြုပါဦး "

ညီလာခံလိုလူမများပေမဲ့ နဘေးမှအမတ်ကြီး
တစ်ချို့ဆွေးနွေးဖို့ရောက်နေတာကြောင့်
yixing ထသွားပြီး ဖမ်းဆွဲထားဖို့မဖြစ်နိုင်
တော့ပါ သူစတာလွန်သွားလေပြီ ကြင်ယာတော်
လေးသည် လွန်ခဲ့သည့်နှစ်များစွာထဲက အရှင့်ကို
ဆက်သသည့်ထဲတွင် သက်ရှိလူသားအချောအလှ
များပါလာခဲ့ပါက ဘုရင့်ရှေ့မှောက်ဘယ်တော့မှ
အရောက်မခံ ဒါကိုလည်း ကျေကျေနပ်နပ်နဲ့
မသိယောင်ဆောင်ပေးထားသူက yixing
တစ်ခါတစ်ရံသူမဖြေရှင်းရလို့ သက်သာသည်
ဟုတွေးကာ အလိမ္မာကြင်ယာတော်ကိုစိတ်ထဲ
မှပင်ကျေးဇူးတင်သေးသည်

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now