စိတ်ပြေချိန်

2.5K 158 2
                                    

အပိုင်း ( ၇ )

" ဟင်း ...... "

သာယာတဲ့နံနက်ခင်းဝယ် ကျေးငှက်လေးတွေ
သီကျူးချိန် စမ်းရေစီးသံနှင့်အတူနေမင်းကြီး၏
အလင်းရောင်နုနု နဲ့မှနိုးထချင်တဲ့ ချစ်ရသူအတွက်
အားလုံးပြီးပြည့်စုံအောင် ဖမ်းတီးပေးထားသည်
နောက်ဆုံးတစ်ချက်က အနမ်းတစ်ပွင့် ဒါမှနိုးထ
ပေးမယ်တဲ့လေ

" နိုးပြီလား အမူးသမားလေး "

" ဟင် အရှင် "

အစတော့ပြုံးပြပြီးအနမ်းပြန်ချွေဟန်ပြင်နေ
ပေမဲ့ ဘုရင်နှင့်စိတ်ဆိုးထားသည်ကိုပြန်သတိ
ရသွားပြီး တစ်ဖက်သို့မျက်နှာလွှဲသွားသည်

" စိတ်မပြေသေးဘူးလား Chen တစ်ညလုံးလည်း
ဆိုးထားပြီးပြီ ဒီ့ထက်ဆိုးလာရင်တော့ ပြစ်ဒဏ်ပေးမှ
ဖြစ်တော့မယ် "

" Chen သေရည်သောက်ရုံပါပဲ တခြားဘာအပြစ်မှ
မလုပ်မိပါဘူး "

" ဘုရင်တစ်ပါးရှေ့မှာတင် ကြမ်းတမ်းတဲ့စကားတွေနဲ့
အပြစ်တင်ဆဲရေးဆိုတယ် ပြီးတော့ တံတွေးနဲ့လည်း
ထွေးသေးတယ် ထပ်ပြောရရင် ခြေထောက်နဲ့ပါကန်ထား
သေးတာ ကဲ ပြောစမ်း အဲ့လိုအပြစ်သားကို ဘယ်လိုအပြစ်
ပေးရမလဲ "

" သေဒဏ်ပေးရမှာပေါ့ အဲ့လောက် အတင့်ရဲတဲ့သူမျိုးရော
ရှိရဲ့လား အပိုင်းပိုင်းခုတ်သတ်သင့်တယ် "

" ဒါပေမဲ့ ကိုယ်ကတော့ တခြားအပြစ်ပေးရင်ကောင်းမလား
လို့ "

Yixingပြောရင်းနဲ့ အိပ်ရာပေါ်ကမထသေးတဲ့
ကောင်လေးပေါ် လှုပ်မရအောင်ဖိထားလိုက်သည်
ပြီးမှလက်နှစ်ဖက်နဲ့ထောက်ထားပြီး စိတ်တိုင်းကျ
အနမ်းတွေခြယ်လှယ်ကာ ရင်ဘတ်မှအင်္ကျီကြိုး
ဖြေချပြီး ပွတ်သပ်ရင်း တဖြည်းဖြည်းအောက်သို့
ဆင်းလာလေတော့ Chenမနေတတ်တော့ဘဲ

" ခဏ ဟို ဟို ခုနကတည်းကပြောမလို့ အရှင့်ကိုယ်က
အော့ အော့ အနံ့တွေရတယ် ရေအရင်ချိုးမှဖြစ်မယ်မလား"

" ဘာာ အဲ့ အော့ အော့ တွေက ဘယ်သူ့ဆီကထွက်လာ
တာလဲမသိချင်ဘူးလား "

" Chenဆီကလို့ဆိုလိုတာလား မဟုတ်တာ နေမကောင်း
ဖြစ်ရင်တောင် မအန်တတ်တဲ့ဟာ "

" အန်တာနဲ့တင်ဘယ်ကမလဲ သေးပါပေါက်ချထားတာ
တကယ့်ကို အမူးသမားအရစ်ညစ်ပတ်လေးပေါ့ "

" အာ ရှက်ဖို့ကောင်းလိုက်တာ မကောင်းတဲ့သေရည်တွေ
ဒါပေမဲ့လည်း အားလုံးအရှင့်ကြောင့်ပဲကို Chenစိတ်ထိခိုက်
အောင်လုပ်ခဲ့တာကိုး စိတ်မကောင်းဖြစ်လွန်းလို့ "

" ကိုယ့်ရဲ့Chenအဲ့လောက် စိတ်မကောင်းဖြစ်ရတာလား
ကိုယ်တောင်းပန်ပါတယ် နန်းတော်ကကိုယ်သာမရှိရင်
Chenအန္တရာယ်ရှိနိုင်လို့ အိမ်ပြန်စေချင်တာပါ စွန့်ပစ်ချင်
တာမျိုးမဟုတ်ပါဘူး ဘယ်ချိန်ဖြစ်ဖြစ် ကိုယ်ချစ်တာ မင်း
တစ်ယောက်ထဲပါပဲ "

" ကိုယ့် ခင်ပွန်းသည်ကစစ်တိုက်ထွက်နေတဲ့အချိန် Chen
ကဒီမှာပဲစောင့်နေပေးရမှာပေါ့ အရှင်နဲ့လက်ထပ်လိုက်တဲ့
အချိန်ကစပြီး ဒါကChenအိမ်ဖြစ်သွားပြီလေ ထွက်မပြေး
ချင်ပါဘူး အရှင်သာတကယ်စိတ်ပူရင် စစ်ပွဲကိုနိုင်အောင်
တိုက်ခဲ့ပြီး Chenဆီပြန်လာခဲ့ပါ "

" ကိုယ့်ကလေး အရွယ်ရောက်လာပြီပဲ နောက်ဒီ့ထက်
အရွယ်ရောက်လာမှ ကိုယ်နဲ့အတူ စစ်မြေပြင်အတူသွား
ကြတာပေါ့ "

" အရှင့်သဘောပါ Chen စစ်ရေးဗျူဟာရော သိုင်းပညာ
ရောကြိုးစားသင်ပါ့မယ် အရှင့်နောက်လိုက်ကောင်းဖြစ်စေ
ရမယ် "

Chenအတွက် အခွင့်ရေးတစ်ရပ်ထပ်ရသလိုပင်
အချိန်ပြည့်တွေးပူနေခဲ့ရတာ အရှင်သာသူ့ကိုစိတ်ကုန်
သွားရင် ဘယ်လိုဖြေသိမ့်ရမလဲဆိုသည်ပင် အခုတော့
အသေချာကြိုးစားပြီး အသက်ကြီးလာလျှင် မှူးမတ်
ဖြစ်ဖြစ် ကိုယ်ရံတော်ဖြစ်ဖြစ် နန်းတော်ထဲတွင်ဆက်
အမှုထမ်းပြီး အရှင့်ကိုတွေ့ခွင့်ရှိဦးမည်မဟုတ်လား

ဘုရင် yixingကတော့ ပေါ့ပါးပြီးသွက်လပ်တဲ့Chen
ကိုသာမြင်ပြီး ရင်ထဲကအပူတွေတော့ မမြင်နိုင်ခဲ့ပါ
ဒီလောက်အလိုလိုက်ချစ်ပေးနေလျှင် ပြည့်စုံလောက်ပြီ
ဟုသာတွေးထင်ထားခဲ့ခြင်း

" ဒါဆိုမနက်ဖြန်ကိုယ် တပ်ဖွဲ့ကိုဦးဆောင်ပြီးခရီးစထွက်
မယ် ဒီညကိုယ်မင်းအဆောင်ထပ်လာခဲ့ဦးမယ် ကြည်နူး
စရာလေးတွေအတူဖန်တီးကြတာပေါ့ "

အပျိုငယ်လေးတစ်ယောက်လိုရှက်ပြီး
ချစ်စဖွယ်အမူယာလေးတွေက yixing
ကို မရင်းနှီးတဲ့အချစ်နွံထဲနစ်သထက်နစ်
အောင်ပြုစားလွန်းနေသည်
သို့သော် အလုပ်သိပ်များတဲ့ဘုရင်မို့
ကြင်ယာတော်ဘေးမှထကာ အစည်းဝေး
ခန်းမဆောင်သို့ ထွက်သွားလေတော့သည်

.

.

.

.

TCB

ဒီနေ့တွက် နှစ်ပိုင်းရအောင်တင်ပေးလိုက်ပြီနော် ;)

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now