အေးချမ်းရာ အရပ်

3K 249 81
                                    

အပိုင်း ( ၂၈ )

" gege ထွက်ကြိုပါဦး Chenပြန်လာပြီလေ "

yifan ရုတ်တရတ်အံ့သြသွားကာ
အပြင်ကိုအပြေးထွက်လာတယ်
တစ်ချိန်က ပြဿနာရှာပြီးပြန်လာရင်
အသံစာစာနဲ့ အကူညီယူဖို့အချက်ပေး
တဲ့အသံလို အော်ခေါ်နေတာမို့

" gege "

" ChenChen ပြန်လာပြီလား ပြန်လာတာကောင်း
တယ် နန်းမြို့ကသတင်းတွေကြားပြီး ပြန်မလာနိုင်တော့
ဘူးထင်တာ လာပါဦး ဖက်ထားရမယ် "

" geကလည်း အဖိုးကြီးဖြစ်နေပြီ ညီတွေကိုချွဲကောင်း
တုန်း baekရော သူထွက်မကြိုဘူးလား လူကြီးလူ
ကောင်းဖြစ်နေရောပေါ့ ငပေါမဟုတ်တော့ပါဘူးနော် "

အားလုံးအံ့အားသင့်သွားရပြန်တယ်
မတ်တပ်ရပ်ပြီး ဆူပုတ်နေတဲ့baek
ကိုမမြင်ရသလို ပုံစံနဲ့ပြောနေတာကိုး

" Chen ငါ့ကိုမမြင်ရဘူးလား စိတ်ဆိုးချင်ယောင်ဆောင်
ပြီးမခေါ်ဖို့လုပ်တာ ဘာလို့မမြင်ရတာလဲ ငါ့ကိုကြည့်စမ်း "

" မင်းကတစ်ချိန်လုံးဆူညံနေခဲ့တော့ အခုအသံမကြား
တာနဲ့ မေးမိတာပါ "

" အေး ဘာလို့ မေးတာလဲလို့ !! ဘာလို့မမြင်တာလဲလို့ !!
ငတုံးရဲ့ ဖြေလေ :'( "

" ငါ ငါ "

" တော်တော့ baek နောက်မှမေး Chen
နားပါစေ "

မျက်ရည်တွေဝဲပြီးအော်ဟစ်နေတဲ့baek
ကို yifanဟောက်ကာ chenကိုလက်က
နေဆွဲပြီး အခန်းထဲခေါ်သွားလိုက်တယ်

" အိပ်တော့မလား နိုးလာမှခြေလက်ဆေးပြီး ညစာထ
စားပေါ့ ရော့ဒါက မင်းကြိုက်တဲ့ပန်းခက်လေးတွေနဲ့စောင်
geလျှော်ပေးထားတယ် နားတော့နော် လိုတာရှိရင်ပြော "

" ge ကျနော်တောင်းပန်ပါတယ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမိပြီ"

" geတို့မိသားစုအသုံးထဲမှာ အဲ့စကားမရှိဘူးChen
နေကောင်းအောင်ပဲနေ အခုကစပြီးgeနဲ့အတူနေရ
အောင်တသက်လုံးလေ မကောင်းဘူးလား "

" အီးးးဟီးးး တောင်းပန်ပါတယ် တောင်းပန်ပါတယ်
တောင်းပန်ပါတယ် "

အရမ်းဆို့နင့်နေတဲ့Chenအားပါးတရ
yifanရင်ခွင်ထဲခေါင်းထိုးပြီးအော်ဟစ်
ကာငိုကြွေးနေပါတော့တယ် မဆူရက်လောက်
အောင် ထိုက်သင့်တာထက်ပိုခံစားရပြီးပြီ
မို့ ဘာမှထပ်မပြောတော့ဘဲ နှစ်သိမ့်ပေး
ခြင်းကိုသာ အကောင်းဆုံးပေးလိုက်တော့
တယ် ။

အဆိပ်သင့်ကြင်ယာတော် (Z&U)Where stories live. Discover now