ချစ်သူ့ထံပါး

3.4K 256 107
                                    

အပိုင်း ( ၃၀ )

Yixing မြင်းကိုဒုန်းစိုင်းစီးကာChen
ရှိရာကို မရပ်မနားနှင်ခဲ့တယ် ခရီးမတွင်
မှာစိုးလို့ ကိုယ်ရံတော်တစ်ယောက်သာ
လိုက်ခွင့်ပေးခဲ့ပါတယ်

ရွာရောက်တာနဲ့ချက်ချင်း Wuအိမ်တော်ထဲထိ
မြင်းကိုနှင်ခဲ့ပြီး နေရာလပ်မကျန်အောင်ရှာဖွေ
နေတဲ့ ဘုရင်ကိုမည်သူမျှမတားရဲကြချေ......

" အရှင် "

" Chenရော yifan ငါ့ရဲ့Chenဘယ်မှာလဲ "

" သူကဒီလိုအချိန်ဆို တောင်ကုန်းမြင့်ပေါ်ကနေ တစ်နေရာကိုငေးမျှော်ကြည့်နေရောပေါ့ အရင်သွားတွေ့
လိုက်ပါ ပြီးမှ အရှင့်ကို စကားနည်းနည်းပြောပါ့မယ် "

yixing ဘာမှပြန်မပြောတော့ဘဲ
မြင်းပေါ်ပြန်တက်ကာ Chenရှိရာ
နေရာကို အမြန်ရောက်အောင်သွား
ပြန်တယ်

ကျားး

ကျားး

ဟော တွေ့လိုက်ရပါပြီ အဖြူရောင်ကောင်လေး
ထိုကောင်လေးရဲ့ အဖြူရောင်ဝတ်ရုံစကို လေလေး
တွေကျီစယ်နေတာကြောင့်တလွင့်လွင့်ပျံသန်းနေ
သယောင် တောင်ကုန်းအောက်ကကြည့်ရင် သူဟာ
တကယ့် နတ်သားလေးတစ်ပါး အတိုင်းပါပဲ

Chen ကိုအကာကွယ်ပေးနေတဲ့
သစ်ပင်ကကြီးပေမဲ့ နေရောင်နုနုလေးတွေ ကရှင်းလင်းကြည်လင်နေတဲ့ မျက်နှာပေါ်ကျ
ရောက်လို့နေတယ်

သူများတွေကChen ဘာမှမမြင်ရဘူးသာ
ပြောတယ် ဒါပေမဲ့ အဝေးကိုငေးကြည့်နေပုံက
တကယ့်ကိုခံစားချက်အပြည့်နဲ့အသက်ဝင်
လွန်းလှတယ် မတွေ့ရတာ ကမ္ဘာခြားသွားရသလို
ငတ်မွတ်စွာတွေ့ချင်ခဲ့ရတဲ့ ကိုယ့်ကြင်ယာတော်လေး

yixing တစ်လှမ်းချင်းလျှောက်ကာ
ငုပ်တုတ်လေးထိုင်နေတဲ့ Chen အရှေ့
မှာရပ်နေခဲ့တယ် သိပ်ကိုပိန်ပါးပြီး
မျက်ဝန်းနှစ်ဖက်က အညိုရောင်သမ်း
နေပေမဲ့ ကြည့်ကောင်းနေတုန်းပဲ

" ge လွှတ်လိုက်တာလား ထမင်းစားချိန်မကျော်သေး
ပါဘူးနော် တော်ကြာအဆူခံရမှာစိုးလို့ "

ဘာမှမပြောင်းလဲဘဲသိပ်ကိုကြည်လင်တဲ့
အသံလေးကတော့ အရင်လိုနားထောင်
ကောင်းတုန်းပဲ လွမ်းရလွန်းလို့ ဘယ်ကစ
ပြောရမယ်မသိ မျက်ရည်တွေသာ
တစ်စက်ချင်းသူ့ရဲ့ဖြူလွှလွှလက်ချောင်းလေး
တွေအပေါ် ကျဆင်းသွားရပြီ......

အဆိပ်သင့်ကြင်ယာတော် (Z&U)Tahanan ng mga kuwento. Tumuklas ngayon