မုန်တိုင်းငယ်

Comincia dall'inizio
                                    

အရင်ကလို ဆူပူသောင်းကျန်းပြီးလည်းမအော်ဟစ်
ဘုရင့်ကိုလည်း အပြစ်တင်ဆဲဆိုတာမျိုးလည်းမရှိ
ဘာဆိုဘာမှမပြောဘဲ Chenငြိမ်နေခဲ့သည် သူဖန်
တလဲလဲမြင်ယောင်နေမိတာက ချစ်ရသူအပြုံး သိပ်ကို
ဝမ်းသာသွားတဲ့အပြုံးမျိုး ဒီအပြုံးက သူ့ကြောင့်ဖြစ်လာ
တာတော့မဟုတ် ဒါကရင်ကိုကျေမွစေသည်

" သခင်လေး ကျနော်မျိုးကိုလန့်အောင်မလုပ်ပါနဲ့ "

" အခမ်းနားဆုံးဖြစ်အောင် လုပ်ပေးရမှာပေါ့ မဟုတ်ရင်
အရှင့်ရဲ့စိတ်လက်ကျန်လေးကိုတောင် ဆုံးရှုံးသွားရတော့
မှာလေ "

" သခင်လေးရယ် "
.

.

.

.

မိဖုရားတွက်ဂုဏ်ပြုပွဲအခမ်းနားကို Chenစိတ်ပါ
လက်ပါနဲ့ ချွင်းချက်မရှိစီစဉ်ပေးထားသည် အစား
သောက်မှအစ ဂရုတစိုက်ပြင်ဆင်ပေးပြီး အကအလှ
များ တခြားပျော်ရွှင်ဖွယ် ပျော်တော်ဆက်အဖွဲ့များပါ
ထည့်သွင်းပေးပြီး နန်းတော်တစ်ခုလုံး ရယ်မောပျော်
ရွှင်စေဖို့ရွယ်သည်

ကိုယ်ကိုယ်တိုင်ကတော့ ထိုအခမ်းအနားကိုတက်ခွင့်
မရှိ မယ်တော်ကြီး၏တစ်ချက်လွှတ်အမိန့်အရ မတက်
ရုံပဲရှိသည် ဒါပေမဲ့ အရှင်ဘာမှဝင်မပြောသည်ကိုတော့
အံ့သြ၍မဆုံး ဒေါသတော့မထွက်တော့ပေ နောက်အချိန်
တွေကြာလာတာနဲ့အမျှ အပယ်ခံလုံးဝဖြစ်လာတော့
မည်မဟုတ်လား ဒါကဘုရင့်အသုံးတော်ခံဘဝတွေပဲလေ

ဆူညံနေသည့် ပွဲတော်သည် အစပြုလောက်ပြီ
ဂီတသံ သီချင်းသံ ဟာသပြဇာတ်သံများ ကျယ်
လောင်စွာထွက်ပေါ်လာတော့သည် အရှင်ကရော
ပျော်နေမည်လော ဘယ်အခမ်းနားပွဲဖြစ်ဖြစ်
Chenရဲ့လက်ကိုကိုင်ဆွဲပြီး စင်မြင့်ပေါ်တက်ခဲ့
သည့်အရှင်က အခုတော့ Chenကိုမေ့ပျောက်၍
နေပေတော့မည် အနှောက်ယှက်မရှိလေတော့
စိတ်သဘောအလိုတော်ကျ ပျော်ရွှင်ရတော့မည်မ
ဟုတ်လား မတွေးသင့်တော့ပြီChen ဟုသာ
သတိပြန်ပေးရင်းငြီးငွေ့ဖွယ် နန်းတော်ကနေသာ
ထွက်လာခဲ့တော့သည်

" သခင်လေးChen နန်းပြင်ထွက်ခွင့်မရှိပါဘူး "

" ဟူးးး "

အဆိပ်သင့်ကြင်ယာတော် (Z&U)Dove le storie prendono vita. Scoprilo ora