"တောင်းပန်ပါတယ်ဆရာ..''

!ဒုန်း...!

စားပွံပေါ်ကို အရှိန်ပြင်းပြင်း ကျသွားတဲ့ရိုက်သံတစ်ခု

"မင်းတောင်းပန်းရုံနဲ့ပြီးရောလား ဟမ်..."

ပေါက်ကွံနေတဲ့ ဆရာဖြစ်သူရဲ့အသံက ရုံးခန်းအပြင်ဘက်ထိ ပျံနှံလာပြီ
ထိုအချိန် အခန်းထဲကိုဝင်လာတဲ့နွေဦးမာန်

"ဒယ်ဒီ ဘာဖြစ်လို့လဲ ''

"ထိုင် ဒယ်ဒီမင်းနဲ့ပြောစရာရှိတယ် စိုးသူ မင်းသွားတော့ မင်းကျက်ကျက်သတိထားနေ "

သူ့အမိန့်ပြီးတာနဲ့ ချက်ချင်းထွက်သွားတဲ့စိုးသူက
ကြောက်လန့်နေတာကို နွေဦးသတိထားမိတယ်

"နွေဦးမာန် မင်း ဟိုကောင် ဂုဏ်ရောင်ရှိန်ကို
ဒီတိုင်းပဲလွှတ်ထားတော့မှာလား ''

"ဘာဖြစ်လို့လဲ သူလဲအခုငြိမ်နေတာမဟုတ်ဘူးလား daddyပြသနာရှိလို့လား "

"အဲ့ဒီကောင် အခုသူ့အိမ်မှာ ဒဏ်ရာတွေနဲ့လဲနေလောက်ပြီ..''

"ဒယ်ဒီ ဘာကိုပြောချင်တာလဲ..''

"အဲ့ကောင်လေး ခရီးကနေပြန်လာချိန် ဒယ်ဒီလူလွှတ်ပြီး ရှင်းခိုင်းလိုက်တာ ဒါပေမယ့် သူ့လူတွေပါနေတော့ အသေမသတ်နိုင်ခဲ့ဘူး ဒဏ်ရာတော့ရသွားတယ်..''

ဖခင်စကားနားထောင်ရင်း နွေဦးသက်ပြင်းချလိုက်မိတယ်

"Ok ကျနော်က ကြည့်ပြီးဆက်စီစဥ်မှာမို့ အခုရက်ပိုင်း ဒယ်ဒီငြိမ်နေပေးပါ မဟုတ်ရင် သူ
ဒယ်ဒီဆီသံသယဝင်လာလိမ့်မယ်..နောက်ပြီး ပြသနာတစ်ခုခုမလုပ်ခင် ကျနော့်ကိုကြိုပြီး အသိပေးပါ daddy "

"အင် ကောင်းပြီ..''

ထသွားတဲ့သားဖြစ်သူကိုကြည့်ရင်း သက်ပြင်းသာအကြိမ်ကြိမ် ချနေမိတယ်

နွေဦးမာန်ဟာ အေးစက်သက်လူသား

သူ့ကိုမထိသေးသရွေ့ သူကအမောက်ထောင်ပြ
မှာ မဟုတ်တဲ့လူစားမျိူး ဖြစ်တာကြောင့်ပင်

ဒဏ်ရာရထားတာမို့ အလုပ်မသွားပဲ
အိမ်မှာပဲအနားယူနေရတဲ့ ဂုဏ်ရောင်

မေမေရိပ်မိမှာစိုးတာကြောင့် မနက်စာဆင်းစားချိန်ကလွဲပြီး အောက်ကိုမဆင်းဖြစ်

My little Baby 🌺(Completed) Where stories live. Discover now