21

186 23 7
                                    

My girlfriend is a Fujoshi 21

ဘော်ဒါဆောင်ရောက်တော့လဲ အမှတ်ပေါ်မူတည်ပြီး အခန်း A to E ပြန်ခွဲတာကြောင့် တည်ခန့်နိုင်က Aခန်းရောက်ပြီး နေမင်းမောင်က Cခန်းရတယ်

ရတဲ့အခန်းကြောင့်ပဲ အိပ်ရတဲ့အဆောင်တွေကမတူဘဲ ကွဲသွားတယ်

တည်ခန့်နိုင်နေတဲ့အခန်းနဲ့ နေမင်းမောင်အခန်းက တော်တော်ဝေးတယ်

ဘော်ဒါဆောင် ဝင်ခါစဆိုတော့ ကျောင်းဖွင့်ခါစလဲဖြစ် ဆရာတွေကလဲ စည်းကမ်းတင်းကြပ်တာကြောင့် စာကိုသာအာရုံစိုက်မိတယ်

"ဗွမ်း!!"

ရေလောင်းချတဲ့အသံကြောင့် အခန်းထဲကဆူညံသံတွေအကုန်တိတ်ဆိတ်သွားတယ်

"နင် နင်!!. နင်ဒါ ဘာလုပ်တာလဲ"
စူးခနဲ ထွက်လာတဲ့အသံ

အအော်ခံရတဲ့ကောင်မလေးကတော့ နားထဲကိုလက်သည်းထိုးထည့်ကာ နားကလော်တဲ့ပုံစံလေးလုပ်ရင်း

"အိုးးး နားညီးလိုက်တာ"

"ဘယ်ကခွေးဟောင်သံလဲ"
လှမ်းမေးလိုက်ပေမဲ့ အဖြေမရှိ တခန်းလုံးကတိတ်ဆိတ်ကာ.....

"နင်က ဘာမလို့ ငါ့ကိုဒီလိုပုံစံနဲ့လာကြည့်နေတာလဲ"
ပြောလဲပြော လက်ညိုးနဲ့ ရင်ဘတ်ကိုအသာဆောင့်တွန်းလိုက်တယ်
ရေစိုနေတဲ့ကောင်မလေးကနောက်ကိုအသာယိုင်သွားရင်း နောက်ကခုံကိုဆောင့်မိကာ

"အ.."

"အိုး အဲ့လိုအသံလေးနဲ့ ငါ့အကိုကိုမြူဆွယ်နေတာမလား"

"ပြန်အော်ကြည့်ကြပါအုံး ခုနကအသံလေးနဲ့"

"အ အ"
နောက်ကောင်မလေးတျောက်က အသံတူလုပ်ပြတဲ့အခါ

"နင်ကလဲဟယ် နင့်အသံက ကျီးကန်းကြီးအော်နေတဲ့အတိုင်းပဲ"
ကောင်လေးပြောသံကြောင့် တခန်းလုံးကဝိုင်းရီကြတယ်

"အို တို့က သူ့လို မြူဆွယ်တတ်တဲ့အသံမှမလုပ်တတ်တာ"

နောက်ကောင်လေးတျောက်က

"ငါတို့သူငယ်ချင်းလေးကို မပြောပါနဲ့ဟာ သူလေးက မုဆိုးတပိုင်းမိန်းမရိုင်းလေးပါ"

"တို့က မိန်းမရိုင်း ဖြစ်ရင်ဖြစ်ပစေ မိန်းမပျက်တော့အဖြစ်မခံနိုင်ပါဘူးနော် တချို့တွေဆို အကောင်ကြီးကြီးတွေတိုင်း မြူဆွယ်ပြီးကပ်စားဖို့ပဲသိတာ"

My Girlfriend is a fujoshiWhere stories live. Discover now