3

842 81 0
                                    

My girlfriend is a Fujoshi 3

(နင်မရှိဘဲ ငါမနေတတ်တော့ဘူးလေ ဒီမှာတျောက်တည်းငါငိုမိတာပေါ့လေ......)

ဖုန်းမြည်နေပေမဲ့ အေးအေးဆေးဆေး လ္ဘက်ရည်သောက်နေတဲ့သူငယ်ချင်းကိုကြည့်ပြီး မင်းမင်းက

"ဟဲ့ မကိုင်ဘူးလား"

"ထားလိုက် အဲ့အသံဆိုရင်မကိုင်နဲ့နော် ငါပိုက်ဆံရှင်းလိုက်အုံးမယ်"

"အွန်း"

နောက် ၅မိနစ်အကြာ

(ဖက်တီးမ ဖက်တီးမ ဖက်တီးမ ဖက်တီးမ.....)

ဖွီး!!!!!! ဘယ်ကအသံလဲ

"ဘယ်အကောင်လဲကွ ငါ့သူငယ်ချင်းကိုပြောတာ"
မင်းမင်းကဘယ်တွေညာတွေဝေ့ကြည့်လိုက်ရှာလိုက်တယ်
သေသေချာချာကြည့်မိတော့ ဝက်မဖုန်းဟ နံမည်ကြည့်မိတော့ နံမည်မပါ စတေကာနဲ့(😡😡😡)

ကိုင်လိုက်ရမလား မကိုင်ရဘူးလား ဝေခွဲမရ ဖုန်းသံကလဲ ဖက်တီးမ ချင်းမွန်နေအောင်မြည်နေတော့ တခြားဝိုင်းတွေကပြုံးစစနဲ့ကြည့်ကုန်ပြီ

Screen ပေါ် ကအစိမ်းလေးကိုဖိဆွဲမိတော့

"သဲလေး ဘယ်မှာလဲ"
(ယောကျ်ားလေးတျောက်ရဲ့ရီချင်ချင်အသံ)
နားထဲကိုဝင်လာတဲ့ ဆွဲဆောင်မှုရှိတဲ့အသံလေး အသံနားထောင်တာနဲ့ ရုပ်ကချောမယ်ဆိုတာတန်းသိတဲ့အသံလေး
(အကိုကလဲ ငမ်းကြောထလိုက်တာ)

"ဟယ်လို"

"မင်းဘယ်သူလဲ"
ခုနကအသံပျောက်သွားပြီး အေးစက်စက်အသံ

အိ ဘေးနားကလေတွေတောင်အေးစက်သွားသလိုလို ကျောပဲချမ်းလာသလိုလို

"ဗျာ"

"ဘယ်သူလဲလို့မေးနေတယ်လေ"
ဖုန်ကိုနားကခွာလိုက်ရင်း "ဘာလဲဟ"
အသံကသူ့လုပ်စာထိုင်စားနေတဲ့အသံနဲ့
(အကိုကလဲ အပြောင်းအလဲမြန်လိုက်တာနော်)

"ဖုန်းကိုင်မှတော့ လူပေါ့ဗျာ"

"မင်းနံမည်ကိုမေးနေတာ ဘယ်သူလဲ!"

"လာမအော်နဲ့ဗျ! ခင်ဗျားပဲအော်တတ်တာမဟုဘူး ကျနော်လဲအော်တတ်တယ်! နောက်ဒီဖုန်းကိုမဆက်ပါနဲ့ ဒါပဲ ဟွန့်"

My Girlfriend is a fujoshiWhere stories live. Discover now