14

248 30 2
                                    

My girlfriend is a Fujoshi 14

"ဝေ့ ဒီဘက်ကိုကန် ဒီဘက်ကိုကန် "

"ဟေ့ရောင် ငါ့ကိုပေး ငါ့ဘက်ကိုကန်"

"မဟုဘူး သူကိုတား ဟေ့ရောင်ဆွဲထားလေ"

လမ်းကြားလေးတစ်ခုထဲမှာ ဘောလုံးကန်နေတဲ့ကလေးတွေအသံနဲ့ဆူညံနေတယ်

"သေချာထိန်း  ဟေ့ရောင် ကန်တော့"

ဖုန်းးးးးးး အင့်!!

အသံနှစ်ခုကဆင့်ပြီး ဖြစ်ပေါ်လာတယ်

"ဟေ့ရောင် ဘယ္လိုကန္လိုက္တာလဲ လူထိသွားပြီကွ"

"မတော်တဆထိတာပါကွာ မင်းတို့ကလဲ"

လဲကျသွားတဲ့ကောင်လေးကိုထူပေးမယ်အလုပ်

"ငါ့ကိုကြီးကို မထိနဲ့"
အရှိန်နဲ့ပြေးဝင်လာပြီး ဗိုက်ကိုလက်နှစ်ဖက်နဲ့ဆောင့်တွန်းလိုက်တဲ့ကလေးမလေး

ဗိုက္ကို အားအပြည့်နဲ့တွန်းလိုက်တာမို့ လူကလဲနောက်ကိုယိုင်သွားတယ်

ကြည့်လိုက်တော့ ဆံပင်နှစ်ဖက်ခွဲစည်းထားတဲ့ပါးဖောင်းဖောင်းနဲ့ကလေးမလေး

ပါးလေးကဖောင်းဖောင်းလေးနဲ့ရုပ်ကလေးကလဲကော်ပတ်ရုပ်လေးလိုချစ်စရာလေးမို့ လက်နဲဖျစ်ညှစ်ချင်စိတ်ကတားမရတာမို့ ပါးဖောင်းဖောင်းလေးကိုလက်နဲ့လှမ်းအကိုင် လက်ကိုရိုက်ချလိုက်တဲ့နောက်လက်တစ်ဖက်

"ငါ့ကလေးကိုမထိနဲ့" ပြောလဲပြော ကေလးမေလးကို နောက်ဘက်ကိုခေါ်ပြီး သူ့ကိုယ်နဲ့ကွယ်လိုက်တယ်

"ဒါမင်းတို့ ဘောလုံးလား"

"ဟုတယ် ငါတို့ဘောလုံး မင်းကိုထိမိသွားတယ် ဘယ်လိုနေသေးလဲနာသွားသေးလား"

"နာ မနာ သိချင်ရင် မီး ဒီဘောလုံးနဲ့ကိုကြီးတို့ကိုပစ်ကြည့်ရမလား ဟွန့်"
နှုတ်ခမ်းလေးထော်ထော်နဲ့ပြောကာ မျက်စောင်းထိုးတဲ့ကလေးလေးကိုကြည့်ပြီး အားလုံးကပြုံးစိ ပြုံးစိနဲ့

နေမင်းမောင်က ကလေးမလေးရှေ့မှာထိုင်ချလိုက်ရင်း
"မီးနံမည် ဘယ်လိုခေါ်လဲ"

"ဘာလို့ပြောပြရမှာလဲ ဒီက အကိုကြီးနဲမည်လဲမသိပဲနဲ့"

"ကိုကို နံမည်က နေမင်းမောင် မီးကေရာ"

My Girlfriend is a fujoshiWhere stories live. Discover now