9

356 42 0
                                    

My girlfriend is a Fujoshi 9

ကျောင်းနှစ်ရက်လောက် မတတ်ပဲ အိမ်မှာသာနှပ်နေတဲ့ မျိုးမြတ်

လက်ကဒဏ်ရာလေးက ဘာမှမဖြစ်စေပေမဲ့ သွေးမတိတ်တဲ့ရောဂါရှိတဲ့မျိုးမြတ်အဖို့ကတော့ အသေအလဲပါပဲ

ကျောင်းမတက်ပဲအိမ်မှာပဲနေဖို့ အမိန့်ချမှတ်တဲ့ ကိုကိုနဲ့ကိုကြီးကြောင့် အိမ်ပြင်တောင်မထွက်ရ။

ကျောင်းနှစ်ရက်ပျက်တာအပြင် ပိတ်ရက်နဲ့သွားတိုးတာကြောင့် အိမ်မှာ ၄ရက်လောက်နေရမဲ့ ကိုယ့်အဖြစ်ကို တွေးရင် ပျင်းလာလိုက်တာ...

တောင်တွေးမြောက်တွေး တွေးနေစဉ်

"🎼🎼🎼🎼"(ဖုန်းမြည်သံ)

Nicknameကြည့်ပြီးတာနဲ့ ပြုံးလိုက်ရင်း

"မောင် ပြော"

"........."

"ချစ် အိမ်မှာ"

"......"

"လာခဲ့လေ"

"....."

"Inn ငါရောပဲ "

ဖုန်းချတာနဲ့အတွေးထဲမှာ အလိုလိုပေါ်လာတဲ့စကားသံများ
(နင့်ကောင်လေးကို ကြည့်ထိန်းဦး)

(Third က အကိုကြီး တျောက်နဲ့ ဘာလိုလိုတဲ့)

(နင့်လဲ fujoshiပဲ နားလည်မယ်ထင်ပါတယ်)

တခြားမေဂျာက သူငယ်ချင်းတွေရဲ့ ပြောစကားများ

မျိုးမြတ်ရဲ့ အတွေးထဲမှာ သူတို့ရည်းစားဖြစ်ခါစ အချိန်ကို ပြန်လည်တွေးရင်း

လွန်ခဲ့သော တစ်လခန့်က

ကျောင်းတက်ပြီး တစ်ပတ်အကြာ

စိုးဝင်းထိုက်ဆိုတဲ့ အတန်းထဲက ECရဲ့မိတ်ဆက်ပေးမှုနဲ့ တခြားမေဂျာက သူငယ်ချင်းတွေရချိန်မှာ အေးချမ်းအောင် ဆိုတဲ့ကောင်လေးတျောက်လဲ အပါအဝင်ပဲ

တခြားယောက်ျားလေးတွေလို စစနောက်နောက်မရှိပဲ အမြဲတမ်းငြိမ်ငြိမ်လေးနေတတ်တဲ့ အေးချမ်းအောင် ကို သတိထားမိတယ်
Viberကနေ ချစ်ရေးဆိုတဲ့ အခါ အံ့သြမိပေမဲ့ တစ်ပတ်ကြာမှာ သူငယ်ချင်းတွေအလှော်ကောင်းတာနဲ့ အဖြေပေးမိတယ်

သူ့ကိုချစ်လားလို့ အခုချိန်လာမေးရင် မသိဘူးလို့ပဲဖြေမိမှာပဲ ဒါဆို ဘာကြောင့်တွဲတာလဲ မချစ်ဘူးလား မေးရင် သူဖြေမဲ့ အဖြေက ကျိန်းသေပေါက် မချစ်ဘူး ဘာလို့တွဲတာလဲဆိုရင် ရည်းစားမထားဖူးလို့ ထားကြည့်တာ မျိုးမြတ်ဘဝမှာ သူစိမ်းတျောက်ကို ယောက်ျားလေးလို့ မြင်ချင်တဲ့စိတ်ကြောင့် တွဲမိတာ
တွဲတာ တစ်လလဲကြာပြီဆို မချစ်ပေမဲ့ သံယောဇဉ် လေးတော့ရှိပါတယ်

My Girlfriend is a fujoshiWhere stories live. Discover now