6

371 43 0
                                    

My girlfriend is a Fujoshi 6

Fresher welcome day

"ဟုတ်ကဲ့ အစီအစဉ်နံပါတ် ၅အရ......."

စီစဉ်တင်ဆက်သူရဲ့ကြော်ငြာအဆုံး တင်ဆက်ရမဲ့ သူတွေလဲ စင်ပေါ်သွားကြ မတင်ဆက်ရသေးတဲ့သူတွေကလဲ ပြင်ကြဆင်ကြနဲ့ စင်နောက်ကအခန်းတွေထဲမှာ ရှုတ်ယှက်ခတ်နေကြတယ်

မျိုးမြတ်ကတော့  အမိန့်အရ fresher welcomeမှာ မပါရပဲ သူငယ်ချင်း တွေကို မိတ်ကပ်ပြင်ဆင်ပေးတဲ့နေရာမှာပဲ ပါရတယ်

"မျိုးမြတ်ရေ ဆံပင်တုလေးယူပေးပါအုံး"

"မျိုးမြတ်ရေ ဟိုတျောက်ကို လိမ်းပေးပါအုံး"

ပြေးရပြန်ပြီ

ECက ပြေးလာရင်း "ဟောဟဲ ဟောဟဲ မျိုး....မြတ်"

"ဘာလဲ EC "

"ငါ့ကို ကိုနေမင်းမောင်ကို လိုက်ရှာပေးစမ်းပါ"

"နောက်အစီအစဉ်က သူသီချင်းဆိုရမှာဟ ငါ မင်းမင်းကိုမတွေ့တာနဲ့ သူ့ကိုအကူအညီတောင်းပြီး လိုက်ရှာခိုင်းထားတာ မင်းမင်းလဲ မတွေ့ အခု သူလဲ​ပျောက်နေလို့"

"ECကလဲ ကိုယ့်ဘာသာသွားပါလား "

"ငါက ခဏနေ သံချပ်ထိုးမဲ့အသင်းထဲသွားရမှာ နင်ကအားနေတာပဲ သွားပါဟာ"

"ပြီးရော ပြီးရော"

မျိုးမြတ်က နေရာပေါင်းစုံလိုက်ရှာရင်း ကော်ရစ်ဒါ အဆုံးက အခန်း တစ်ခန်းပဲ ကျန်တော့တယ် အဲ့အခန်းက သရဲခြောက်တယ်လို့နံမည်ကြီးတဲ့အခန်း

ကျောင်းတက်စတုံးက စီနီယာတန်းတွေကမသွားဖို့ပြောထားတဲ့ တားမြစ်ခန်းပဲ

"သွားကြည့်ရမလား နေ့ခင်းကြောင်တောင်သရဲမခြောက်လောက်ပါဘူး"

ကိုယ့်စိတ်ကို အားတင်းပြီး အခန်းနားကပ်လိုက်တဲ့ချိန်

"Arrr မလုပ်နဲ့.....တော့ တော်...တော့ ငါသွားစရာရှိတယ်"

"အင်းးးးးးး ဟင်းးး"

"တော်.....ပြီကွာ...."

"ကို....ကြီး..: မလုပ်နဲ့တော့ သူများတွေမြင်ကုန်မယ်"

ကြားရတဲ့အသံတွေကြောင့် လူက ဇတ်ခနဲ လန့်သွားတယ်

"ဘာသံတွေလဲဟ သရဲကြောက်ခြောက်နေတာလား"

My Girlfriend is a fujoshiWhere stories live. Discover now