17

189 24 0
                                    

My girlfriend is a Fujoshi 17

မျိုးမြတ်ကမူလတန်းတက်နေလို့ ကျောင်းမတူပေမဲ့ နေမင်းမောင်နဲ့တည်ခန့်နိုင်ကတော့ ကျောင်းတူတယ်

ကျောင်းတက်နေတုံး ကျောင်းမှာ king squareဆိုပြီးနံမည်ကြီးတယ်

တည်ခန့်နိုင်ကတော့အတန်းတိုင်းမှာ အတန်းခေါင်းဆောင် ဆရာမတွေရဲ့အချစ်တော် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် နံမည်ပေါင်းစုံနဲ့ကျော်ကြားသလို

နေမင်းမောင်ကလဲ ရန်ပွဲအားလုံးမှာမပါမဖြစ် ပွဲတိုင်းကျော် Fighter kingလေးဆိုပြီးနံမည်ကြီးတယ်

ရက်တွေ နှစ်တွေကုန်ဆုံးလာကာ
၆နှစ်ကြာပြီးနောက်

တည်ခန့်နိုင်နဲ့ နေမင်းမောင်ကဆယ်တန်းရောက်ချိန်

ဆယ်တန်းအရေးကြီးတာမို့ ဘော်ဒါဆောင်နေဖို့အဝတ်အစားတွေထည့်ကာပြင်ဆင်နေတယ်

"ကိုကြီးရေ ကိုကြီး"

လူမရောက်ခင် အသံအရင်ကြားရတယ်
ဧည့်ခန်းမှာထိုင်နေတဲ့ ကိုကြီးဖေဖေကိုတွေ့တာမို့

"တည်တည် ကိုကြီးရော"

"မီး ကိုကြီးက သူ့အခန်းထဲမှာပါဗျာ"

"မီး သွားလိုက်အုံးမယ်"

"ဟုကဲ့ပါဗ်ာ မင်းသမီးလေးသဘောအတိုင်းပါ"
လက်နှစ်ဖက်နဲ့ရိုရိုသေသေလမ်းညွှန်တဲ့ပုံလေးလုပ်ပြတာမို့ အသံထွက်အောင်ရီပြီး

ဂါဝန်ကိုလက်နှစ်ဖက်နဲ့မကာ ကိုယ်ကိုအနဲငယ်နှိမ့်ပြီး ခေါင်းအသာငုံပြကာ
"ဒါဆို မင်းသမီးလေးကြွပါတော့မယ် ဟီဟီ"

လှေကားကိုငြင်ငြင်သာသာနဲ့ တဒုန်းဒုန်းမြည်အောင်ကျော်ခွတက်ပြီး အပေါ်ထပ်က ကိုကြီးအခန်းတံခါးကို လက်နဲ့ ဘုန်း ဘုန်း နှစ်ချက်လောက်ရိုက်လိုက်တယ်

တံခါးကချက်ချင်းပွင့်ပြီး

"ကေလး လက်တွေနာမယ် အဲ့လိုမရိုက်နဲ့လို့ ကိုကြီးပြောထားတယ်မလား"

"မနာပါဘူး ကိုကြီးကလဲ"
ပြောလဲပြော ကိုကြီးရဲ့အိပ်ယာပေါ်ဒိုင်ဗင်ထိုးလိုက်တာမို့

"ကေလး ယောကျ်ားလေးရဲ့အိပ်ယာပေါ်အလွယ်တကူမတတ်ရဘူးလို့ ကိုကြီးပြောထားတယ်လေ"

My Girlfriend is a fujoshiTahanan ng mga kuwento. Tumuklas ngayon