26

115 19 0
                                    

My girlfriend is a Fujoshi 26

"ဒေါက်"
အဖြူရောင်မျက်နှာဖုံးကကြမ်းပြင်ကျသွားတယ်

မျက်နှာဖုံးမရှိတော့တဲ့ချိန် ပေါ်လာတဲ့ ဖြောင့်တန်းနေတဲ့မျက်ခုံးတစ်စုံနဲ့ အေးစက်စက်အမူအရာနဲ့ တည်ကြည်တဲ့ယောက်ျားတစ်ယောက်ရဲ့မျက်နှာ

ခေါင်းဆောင်က ထိုင်နေရာမှထလာကာ စားပွဲပေါ်မှာထိုင်နေတဲ့မြေခွေးကို ခါးမှဆွဲယူကာ ဖက်လိုက်ရင်း

လည်ပင်းမှာမျက်နှာအပ်ကာ
"လွမ်းနေတာ"

လည်ပင်းကိုလာထိတဲ့အငွေ့အသက် ကြောင့် တွန်းထုတ်လိုက်ရင်း

"ဘယ်တုံးကပိုင်စိုးပိုင်နင်း လုပ်တတ်သွားတာလဲ ကော"

"ချစ် မောင်တို့လမ်းခွဲရအောင်"

"ချွင်!"

ဘေးနားမှာထမင်းစားဖို့လုပ်နေတဲ့ကောင်မလေးရဲ့ဇွန်းကပြုတ်ကျသွားပြီး

အားလုံးရဲ့အကြည့်ကရှေ့မှာလာရပ်ပြီး စကားပြောနေတဲ့ အေးချမ်းအောင် ဆီမှာ..

မျိုးမြတ်က ပါးစပ်ထဲသွင်းမဲ့ ထမင်းထည့်ထားတဲ့ဇွန်းကတန့်ခနဲဖြစ်သွားပေမဲ့ ခဏတာပဲ...

ထမင်းဆက်စားနေရင်း
"မောင်ကလမ်းခွဲချင်လို့လား

"အင်း လမ်းခွဲကြရအောင်"

"သဘောပဲလေ"

"ဒါဆို မောင်သွားတော့မယ်"
ထမင်းစားပွဲကနေထသွားတဲ့ အေးချမ်းအောင်ကို မျိုးမြတ်ကခေါင်းအသာငြိမ့်ပြလိုက်တယ် ပြီးတော့ထမင်းဆက်စားနေတယ်

ဘေးမှာထိုင်နေတဲ့သူငယ်ချင်းတွေက ထမင်းစားလက်စကိုမစားနိုင်တော့ဘဲ မျိုးမြတ်ကို ကြောင်ကြည့်နေတယ်

မျိုးမြတ်ကအားလုံးကိုတချက်ပြန်ကြည့်ရင်း

"ဘာလဲ စားကြ ဆရာ့အချိန်နီးနေပြီ"

"ဘာလဲ နင်တို့ကပြီးပြီလား"

"a"

"ဒါပဲလား"

"a"

"ပြတ်သွားပြီပေါ့"

"a"

"မသာမ ငါအကောင်းမေးနေတာ"

"နင်တို့မကြားဘူလား နင်တို့ရှေ့မှာတင်ပြောသွားတာလေ
ငါရဲ့အကျင့်ကတမျိုးဟ သူမနေချင်လို့ထွက်တော့မယ်ပြောတဲ့သူကို ငါကဘာလို့ဆွဲထားရမှာလဲ ငါအတွက်လူကအချိန်တန်ပေါ်လာလိမ့်မယ်"
(သူပှောခငွတြဲ့အဓိပျပါယကြ သူ့ဖူးစာရှင်အမှန်ပေါ်လာလိမ့်မယ် သူ့အတွက်စစ်မှန်တဲ့သူတျောက်ရှိလိမ့်မယ်လို့ပြောတာပါ)

My Girlfriend is a fujoshiWhere stories live. Discover now