4

687 91 1
                                    

My girlfriend is a Fujoshi 4

မျိုးမြတ်က ဒီနေ့ကျောင်းသာ လာရတယ် စိတ်ထဲလေးနေတယ် ဘာမှန်းတော့မသိ

မင်းမင်းတောင် ဒီနေ့သာလိကာမ ငြိမ်နေလို့ အထူးအဆန်းတွေဖြစ်လို့
မျိုးမြတ်နဖူးကိုစမ်းလိုက်ပြီး
"နေမကောင်းဘူးလား ဘာဖြစ်နေတာလဲ "

"ကောင်းပါတယ်"

"မျက်နှာမလန်းဘူး ဘာဖြစ်နေတာလဲ"

"ဘာမှမဖြစ်ဘူး"

ကျောင်းအပေါက်ဝနားအရောက်
"ဗွမ်း"

"အမေ့"

စိတ်ထဲတော့သွားပြီလို့ တွေးလိုက်ရင်း

ဆိုင်ကယ်က အရှိန်နဲ့ဖြတ်မောင်းသွားတာမို့

ချိုင့်ခွက်ထဲက ရေတွေက ထမီကို အကုန်စွန်းကုန်တယ်

"ဆိုင်ကယ်မောင်းတဲ့ကောင်က မျက်လုံးမပါဘူးလားဟ ဘယ်လိုမောင်းနေတာလဲ"
လှမ်းအော််တော့ ဆိုင်ကယ်အနီရောင်မောင်းတဲ့သူက လှည့်တောင်မကြည့်

"သွားပါပြီဟာ"

"ဘယ်လိုလုပ်မလဲ အိမ်ပြန်ရအောင် နင့်ထမီကအဆင်မပြေလောက်ဘူး"
"ရွှံ့တွေလဲပေနေတယ်"

"ငါဘာမှမစားရသေးလို့ ကန်တင်းကိုအရင်သွားရအောင်"

"ဟဲ့ ရလို့လား "

"ရတယ် ခဏနေ ပြန်မှာပဲဟာ ငါဗိုက်ဆာလို့သွားရအောင်"

"Inn"

(နင်မရှိဘဲ ငါမနေတတ်တော့ဘူးလေ ဒီမှာတျောက်တည်းငါငိုမိတာပေါ့လေ......)
Phone Ringtone

မျိုးမြတ်က ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး မကိုင်ဘဲ အသံပိတ်လိုက်တယ်

"လာ မြန်မြန်သွားမယ်"

ကန်တင်းမှာ မုန့်မှာပြီး ထိုင်စောင့်နေတဲ့အချိန်

"သဲလေး"

"ကလေး"
(တချိန်ထဲထွက်လာတဲ့အသံ)

"သွားပြီ"
မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး နောက်လှည့်ကြည့်ပေမဲ့ ဆုတောင်းကမပြည့်

နောက်မှာရပ်နေတာက ကိုကိုနဲ့ကိုကြီး

ကန်တင်းမှာဆူညံနေတဲ့ အသံတွေအကုန်တိတ်

My Girlfriend is a fujoshiWhere stories live. Discover now