15

196 31 0
                                    

My girlfriend is a Fujoshi 15

"ကိုကြီး"

"အွန်း"

"ကိုကြီး"

"အွန်း"

"ကိုကြီး~လို့"

"အွန်း"

"ကိုကြီး!"
အော်လဲအော် လက်ထဲကစာအုပ်ကိုလဲပိတ်ပစ်လိုက်တယ်

တည်ခန့်နိုင်က မျိုးမြတ်ကိုကြည့်ရင်း
"အဆိုးလေး ဘာဂျီကျချင်ပြန်ပြီလဲ"

ကလေးမလေးကချစ်ဖို့ကောင်းအောင်ပြုံးရင်း
"ကိုကြီးကလဲ မီးမီးကအဆိုးလေးဟုပါဘူး"

"မီးမီးက အလိမ္မာတုံးလေး"

ပါးချိုင့်ပေါ်အောင်ပြုံးရင်ပြောနေတဲ့ကောင်မလေးက အရမ်းချစ်ဖို့ကောင်းနေတာမို့ ပါးဖောင်းဖောင်းလေးကိုလက်နဲ့အသာဖျစ်လိုက်ပြီး နမ်းလိုက်တယ်

နှာခေါင်းရှုံကာ
"Arrr နံလိုက်တာကွာ ဘယ်ကညစ်ပုတ်အိုးလေးလဲ"

"မီးမီးကညစ်ပတ်အိုးဟုဘူး ချစ်စရာလေး"

"ညစ်ပတ်အိုးလေးပါကွာ ဟားဟားဟား"

"ညစ်ပတ်အိုးဟုဘူးလို့ပြောနေတယ်လေ!!!!"

"ညစ်ပတ်အိုး ညစ်ပတ်အိုး"
အော်ကာ ခြံထဲပြေးနေလိုက်တယ်

ကလေးမလေးကစိတ်တိုပြီးသူ့လက်ထဲကစာအုပ်နဲ့ သူ့ကိုကြီးပစ်ပေါက်လိုက်တာ စာအုပ်ကအလေးချိန်စီးတာမို့ ကျော်ပြီးအောက်ကိုကျသွားတယ်

စာအုပ်ကျတဲ့ချိန်ပဲခြံထဲကားဝင်လာကာ စာအုပ်ကိုကျိတ်မိသွားတယ်

ကားထဲကကောင်လေး တစ်ယောက်ထွက်လာပြီးစာအုပ်ကိုကိုင်ကြည့်တုံး

"မီးမီးကိုကြီးစာအုပ် မီးမီးကိုကြီးစာအုပ်!!"

အသံဆာဆာနဲ့အော်သံကြားလို့ကြည့်လိုက်တော့ ဝဝတုတ်တုတ်ကလေးမလေးတျောက်

သူ့ကိုယ်လေးနဲ့ပြေးလာတာမို့ အသာလေးလှမ်းဖမ်းကာ

"ဖြေးဖြေးပြေးလေ မီးမီးရဲ့ ချောလဲရင်နာနာတွေဖြစ်မှာပေါ့"

ကလေးမလေးက လက်ထဲကစာအုပ်ကိုစိုက်ကြည့်ရင်း

"မီးမီးကိုကြီးစာအုပ် ပေးပေး"

My Girlfriend is a fujoshiWaar verhalen tot leven komen. Ontdek het nu