7

514 50 9
                                    

My girlfriend is a Fujoshi 7

"အစီအစဉ် နံပါတ်၂၀ အရ Ep finalမှ ကိုနေမင်းမောင်က သီချင်းသီဆိုမှာဖြစ်ပါတယ်"

"ဟုပါတယ် အမရေ အကိုနေမင်းမောင်ကိုသဘောကျတဲ့အထဲမှ သူ့အသံလေးလဲပါပါတယ်ခင်ဗျာ"

"အလို မောင်မင်း သူချည်းပဲလားဟဲ့"

"ရုပ်ချောတာလေးလဲပါကြောင်းပါဘုရား"

တင်ဆက်သူ အကိုနဲ့ အမ နှစ်ယောက်ရဲ့ပြောစကားကိုနားထောင်ရင်း အောက်ကပရိသတ်ကလဲ တဝါးဝါး ရီကြတော့တာပဲ

နေမင်းမောင် က စင်ပေါ်ကို တက်လာကာ ဂီတာကို ကြိုးညှိလိုက်ရင်း

"ကျနော့်ဘဝအတွက် အရေးကြီးတဲ့သူတျောက်ကိုဆိုပြချင်တဲ့သီချင်းလေးပါ အားလုံးပဲနားဆင်ပေးကြပါ"

နေမင်းမောင်ဆိုလိုက်တဲ့ သီချင်းလေးက Justin bieberရဲ့ next to you

အသံချိုချို ဂီယာသံငြိမ့်ငြိမ့်လေးမှာ အားလုံးစီးမျောနေချိန်

မျိုးမြတ်ဘေးနား လူလာရပ်တာမို့ တချက်ကြည့်ရင်း ပြုံးကာ

"ကိုကိုက အရမ်းroတာပဲ"

"ပြီးတော့​ သတ္တိ လဲရှိတယ် သူချစ်တာကိုသူဖွင့်​ပြောရဲတယ် ကိုကြီးကရော"

တည်ခန့်နိုင်က နှာခေါင်းကိုလျောကျနေတဲ့မျက်မှန်ကိုလက်နဲ့အသာတင်လိုက်ရင်း

"တခါတလေ ကျရင် အချစ်ဆိုတာ ဖွင့်ပြောစရာမလိုဘဲ အလိုလိုသိနေတာလေးကပိုကောင်းတယ်"

"ဟွန့် မီးကတော့ do or dieပဲ မြုံစိစိကြီးကို ကြိုက်ပါဘူးနော် ဟွန့်"
နှာခေါင်းလေးရှုံရင်း ပြောမိတယ်

ကိုကြီးက ခပ်ဟဟရီရင်း မျိုးမြတ်ခေါင်းကိုဖွကာ
"ကလေးက ကလေးလိုနေ နိာ့မိုဆိုမချစ်ပဲနေမှာ"

"မီးက ကလေးမဟုပါဘူး လူကြီးပါနော် ရည်းစားလဲရှိနေပြီ ဟွန့်"

ကိုကြီးက မျက်မှောင်ကြုတ်ရင်း အဲ့အကောင်နဲ့က မပြတ်သေးဘူးလား ပြတ်ပြီတောင်ထင်နေတာ"

"ဖွ ဖွ လွဲပါစေ ဖယ်ပါစေ ဘာတွေလာပြောနေတာလဲ စိတ်ဆိုးမှာနော် 😒"

"နင့်အကောင်က ကောင်းမှမကောင်းတာ ".

"သိဘူးဟာ သူများရည်းစားကို အပြစ်လိုက်ပြောနေတယ် ကိုကြီးကို မချစ်တော့ဘူး"

My Girlfriend is a fujoshiWhere stories live. Discover now