10

322 37 4
                                    

My girlfriend is a Fujoshi 10

"ဟဲလို "

"......."

"အင်း ဟုတယ် အိမ်မှာ"

"......."

"ခဏနေ အပြင်သွားရင်ဝယ်လာခဲ့မယ်လေ"

"........."

"အပိုတွေ လာချွဲမနေနဲ့"

"........"

"Ok bye bye"

ဖုန်းချတာနဲ့ ခါးကိုရစ်ပတ်လာတဲ့လက်တစ်စုံ

"ကိုယ်ရှိနေသားနဲ့ ဘယ်သူနဲ့ပြောနေတာလဲ"

"ဘယ်သူနဲ့ပြောပြော မင်းအပူပါလား"

"တကယ်လား"
ပြောလဲပြော လက်ကနဲ့ဆွဲလှည့်လိုက်တော့ အလိုက်သင့်လေးပါလာကာ ရင်ခွင်ထဲတန်းရောက်လာတဲ့လူသား

ရေစိုနေတဲ့ဆံပင်အညိုလေးရယ် အနက်ရောင်မမည်အညိုဘက်သန်းချင်နေတဲ့မျက်လုံးလေး ဇင်ယော်တောင်မျက်ခုံးနဲ့ နှုတ်ခမ်းဖူးဖူးလေးကိုပိုင်ဆိုင်ထားတဲ့ဒီလူသားက ကိုယ့်အပိုင်

ဘယ်ချိန်ကြည့်ကြည့်မရိုးသွားတဲ့မျက်နှာလေး ငယ်စဉ်ကတည်းကကြိတ်ချစ်ရပြီး သူများနောက်ပါသွားမှာစိုးလို့ မရမကအပိုင်သိမ်းခဲ့ရတဲ့ ကိုယ့်ရဲ့လူသားလေး

ဒီလူသားရဲ့အချစ်ကိုရဖို့ သူဘယ်​လောက်ထိကြိုးစားခဲ့ရသလဲ ချစ်ခွင့်ရတာတောင် လူတွေအမြင်မှာထုတ်ပြောခွင့်မပေးတဲ့လူသားလေး

"မောင် ငါအသက်ရှုကြပ်နေပြီ လွှတ်အုံး"

ရင်ခွင်ထဲက အသံလေးကြောင့် တွေးနေတာကို ရပ်ပြီး ဖက်ထားတာကိုလွှတ်ပေးလိုက်တယ်

"လူကို အရိုးတွေချိုးနေသလားမှတ်ရ ငါကဘယ်သွားမှာမို့ အဲ့လောက်ဖက်နေတာလဲ"

နှုတ်ခမ်းကိုဆူကာမကြားတကြားပြော​​နေတာမို့ ပြုံးမိတယ်

အားးးးးးး အသဲယားစရာလေး

ဒီလူသားကတော့ ငါ့ကိုဘယ်လိုခြွေချရမလဲကောင်းကောင်းသိနေတယ်

"လာ ကုတင်မှာထိုင်လိုက်" ပြောလဲပြော လက်ကလဲဆွဲကာ ကုတင်ပေါ်ထိုင်ခိုင်းလိုက်တယ်

"ဘယ်တော့မှရေကိုခြောက်အောင်မသုတ်ချင်ဘူး ဘာလဲ ငါ့ကိုမြူဆွယ်နေတာလား"

My Girlfriend is a fujoshiWhere stories live. Discover now