🍑 59 🍑

6.9K 850 51
                                    

// Unicode //
~~~~~~~~~~

" ထတော့ ချာတိတ် "

ကြားနေရသောအသံက အိပ်မက်လိုလို။ သေချာတာတော့ ထိုအသံဟာ သူ့အနီးနားကလာသည်။

" ချာတိတ်.. ချာတိတ်.. ထတော့ "

လက်ကိုလာပြီးထိတွေ့တာကိုပါ ခံစားလိုက်ရသည်။ သို့သော်လည်း သူမျက်လုံးမဖွင့်ချင်သေး။ ဆက်ပြီး အိပ်ချင်နေသေးသည်။

တစ်ဖက်သို့လှည့်လိုက်တော့ အနည်းငယ်မာနေသော ခေါင်းအုံးကြောင့် မိုးသောက် စိတ်ရှုပ်လာသည်။

" ကိုယ့်လက်‌မောင်းကို သဘောကျနေတာလား "

သူများအိပ်နေတာကို အလိုက်ကမ်းဆိုးမသိဘဲ စကားတွေလာများနေသူက ဘယ်သူပါလိမ့်..။

" ထတော့၊ ကိုယ်မင်းအတွက် မနက်စာပြင်ပေးမယ် "

သည်းမခံနိုင်တော့၍ မျက်လုံးတွေဖွင့်လိုက်ချိန်မှာ သူ့မျက်လုံးတွေပြူးသွား၏။ တွေ့လိုက်ရသည့်လူက ရန်ငြိမ်းဝေ ဖြစ်နေသည်။ မိုးသောက်က သူ့လက်မောင်းပေါ်ခေါင်းအုံးထားသည့် အနေအထားဖြစ်သည်။ သူကတော့ မိုးသောက်အား ပြုံးပြနေလေသည်။

" ခင်ဗျား !! "

* ခွပ် !! *

" အ.. ချာတိတ်.. ဘာလို့ထိုးတာလဲ.. "

မိုးသောက် ကုတင်ပေါ်မှအလျင်မြန်ဆင်းလိုက်သည်။ ကိုယ့်ကိုယ်ကိုပြန်ကြည့်လိုက်‌တော့ အဝတ်စားတွေလဲထားသည်ကို တွေ့လိုက်ရသည်။

" ကျွန်တော်က... ကျွန်တော်က.. ဘာလို့အဝတ်စားတွေလဲထားတာလဲ "

" မင်းညက အန်လိုက်တာလေ၊ အဲ့ဒါကြောင့် ကိုယ်လဲထားပေးတာ "

မိုးသောက်ထိုးလိုက်သော ပါးတစ်ဖက်ကိုကိုင်ရင်း ရန်ငြိမ်းဝေ မဲ့ကာပြောလာသည်။

ပြောင်းလဲနေသည့်အဝတ်စားတွေနှင့် ယောက်ျားတစ်ယောက်ရဲ့ဘေးမှာ နိုးလာရတာက မိုးသောက်ရဲ့အတွေးတွေကို ဗြောင်းဆန်သွားစေသည်။ ပြီးတော့ထိုလူဟာ သူ့အပေါ် မူမမှန်သည့်အတွေး‌တွေရှိနေသူဖြစ်သည်။ အကယ်၍ တစ်ခုခုများဖြစ်သွားခဲ့ရင်လို့တွေး‌မိတော့ ကြက်သီးများပင်ထလာ၏။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now