🍑 6 🍑

9.6K 1.1K 72
                                    

// Unicode //
~~~~~~~~~~

မိုးလေးတဖွဲဖွဲရွာ‌သောယနေ့တွင် Han's Cafe ကော်ဖီဆိုင်လေးအတွင်းလူကျနေသည်။ သီချင်းငြိမ့်ငြိမ့်လေးဖွင့်ထားသည့်ဆိုင်လေးမှာ ရာသီဥတုနှင့်လိုက်ဖက်ညီစွာ အနွေးဓာတ်ကလေးရှိသည်။ ဆိုင်လေးထဲတွင် ကော်ဖီ‌ပူ‌ပူလေးသုံးဆောင်ရင်း စာအုပ်ဖတ်နေသူများလည်းရှိပြီး တချို့မှာတိတ်ဆိတ်ငြိမ်သက်စွာ social media အသုံးပြုနေကြသည်။ ဆူညံသံများကင်းစင်သောဆိုင်လေးမှာ ဆိတ်ငြိမ်လျှက်ရှိသည်။

ထိုအချိန် ဆိုင်ထဲသို့ဝင်လာသော ရန်ငြိမ်းဝေ ဆိုသည့်သကောင့်သားကြောင့် ထိုဆိတ်ငြိမ်မှုလေးပျက်သုဉ်းသွား၏။

" အချစ်လေး "

ကောင်တာမှာထိုင်နေသည့် ချိုသာ့ကိုလှမ်းခေါ်ရင်း မြောက်ကြွနေသောခြေလှမ်းများဖြင့်ဝင်လာသူ။ သူ့အနောက်တွင်တော့ ထွဋ်ခေါင်လည်း လိုက်ပါလာသည်။ အနားကိုရောက်လာပြီး ပခုံးပေါ်လက်လာတင်သည့် သကောင့်သား ရန်ငြိမ်းဝေ။ ရေခဲရိုက်ကိုယ်တော်ကတော့ နှုတ်တောင်မဆက်ဘဲ လွတ်နေတဲ့ဝိုင်းမှာဝင်ထိုင်လေသည်။ 

" မတွေ့တာကြာပြီနော်၊ အချစ်လေးစိမ်းကားတယ်ကွာ "

" ဘာလာဖြစ်နေတာလဲ၊ လွှတ်စမ်း.. ငထွဋ်နဲ့စကားပြောမလို့ "

" အချစ်လေးက ငါနဲ့ကျ‌မပြောချင်ဘူးပေါ့ "

ပြန်ဖြေရှင်းမနေတော့ဘဲ လက်ထဲကရုန်းထွက်လိုက်ပြီး ထွဋ်ခေါင်နှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

" ဘယ်လိုလဲ အခြေနေ "

" မနက်ဖြန် လက်ထပ်ပွဲ "

" ဝိုး.. congratulations ကွာ..၊ ရူပါ လက်ခံတယ်ပေါ့ "

" လက်မခံလို့မရဘူးလေ "

" အေးပါကွာ၊ မင်းပိုင်တယ်ဆိုတာသိပါတယ် "

ထိုအချိန် သူ့ဘေးကို ရန်ငြိမ်းဝေဆိုတဲ့ကောင်ရောက်လာပြန်သည်။ လက်တစ်ဖက်ကလည်း ပခုံးကိုလာဖက်၏။

" ချိုသာ ငါမေးမလို့ "

" ဘာလဲ "

" ဟိုဖြူဖြူသေးသေးကောင်လေးက လူသစ်လား "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now