🍑 45 🍑

7.5K 860 67
                                    

// Unicode //
~~~~~~~~~~

" ကိုခွန်းက အဲ့ဒီမိန်းကလေးကိုစိတ်မပြတ်သေးတာများလား "

" အေး မင်းပြောတာဖြစ်နိုင်တယ် ရူပါ "

" ဒါဆို ကိုခွန်းကို ရှင်းသန့်ဆီစိတ်ယိုင်လာအောင်လုပ်ရမှာပေါ့ "

" ဖြစ်နိုင်မယ်မထင်ဘူးနော်၊ စိတ်ယိုင်လာတယ်ပဲထားဦး တကယ်နှစ်နှစ်ကာကာချစ်လာမယ်ထင်လို့လား၊ အချစ်က လုပ်ယူလို့မှမရတာ "

မိုးသောက်ပြောလိုက်တော့ စကားဝိုင်းလေးမှာငြိမ်သက်သွားသည်။ ရှင်းသန့်ကမျက်နှာမကောင်းသလို ရူပါကလည်း မကြည်မသာနဲ့ဖြစ်၏။

" မချစ်တဲ့လူကို ချစ်လာအောင်လုပ်လို့မရတာ တကယ်ကြီးပေါ့ "

ရူပါကပြောခြင်းဖြစ်သည်။ မိုးသောက် ခေါင်းတစ်ချက်ညိတ်ကာ အဖြေပြန်ပေးလိုက်၏။

" သေချာတာပေါ့ "

ငိုတော့မယ့်ရုပ်လေး‌တွေနှင့် တစ်‌ယောက်ကိုတစ်ယောက်ကြည့်နေသောနှစ်ကောင်ကို မိုးသောက် ရယ်ချင်သလို သနားလည်းသနားသည်။ ကိုယ့်သူငယ်ချင်းလေးတွေက တကယ်ကြီးချစ်မိသွားကြပြီမဟုတ်လား..။

ဒီနေ့ ကိုခွန်းကအကြောင်းတစ်ခုခုကြောင့် ဆိုင်ပိတ်လိုက်ရာ ရှင်းသန့်နှင့်မိုးသောက်တို့အားလပ်ရက်ရကြသည်။ ရူပါကတော့ ၂၄နာရီလုံး အားယားနေသူဖြစ်သည်။ သုံးယောက်သား မဆုံတာကြာပြီဖြစ်သောကြောင့် ရူပါ့အိမ်မှာစုမိကြရင်း စကားပြောဖြစ်ကြခြင်းပင်။ အခုတော့ နှစ်ယောက်သား ငိုမဲ့မဲ့တွေဖြစ်နေကြလေပြီ။

" ငါတို့မုန့်ထွက်စားရအောင် "

စိတ်ပြေရန်ထွက်ပေါက်ရှာသည့်အနေဖြင့် မိုးသောက်ကပဲပြောလိုက်သည်။ ထိုသို့ဖြင့် ရူပါ့ကားနှင့် သုံးယောက်သားထွက်လာကြသည်။

*****   *****   *****  

Shopping mall တစ်ခုလုံး ဘာမှမဝယ်ဘဲ ခြေရာချင်းထပ်အောင်ပတ်ကြပြီးနောက် မုန့်ဝင်စားကြသည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now