🍑 39 🍑

7.3K 837 79
                                    

// Unicode //
~~~~~~~~~~

လှောင်အိမ်အသစ်လေးထဲက ဇိမ်ကျနေသော ယုန်ဖြူလုံးလေးကိုကြည့်ကာ ရှင်းသန့်မှာ အသည်းတယားယားနှင့်ဖြစ်သည်။ အခုတော့ ရှင်းပေါက်စကိုကတိပေးထားတဲ့အတိုင်း လှောင်အိမ်အသစ်လေးဝယ်နိုင်ခဲ့ပြီလေ..။

* အကိုနဲ့ငါသာ ချစ်သူတွေဖြစ်ရင်.. မင်းအတွက်လှောင်အိမ်အသစ်လေးဝယ်ပေးမယ် *

ကိုယ့်အတွေးနှင့်ကိုယ်ပြုံးလိုက်ရင်း ဘေးတွင်ချထားသော မုန်လာဥနီတစ်ချောင်းကို ဂျွတ်ခနဲမြည်အောင် ကိုက်ပစ်လိုက်သည်။ ရှင်းသန့်လိုပဲ လှောင်အိမ်လေးထဲက ရှင်းပေါက်စလေးကလည်း မုန်လာဥနီကို လက်လေးနှင့်ပိုက်ကာ တမြုံ့မြုံ့စားနေ၏။

ထိုအချိန် အခန်းတံခါးခေါက်သံကြားလိုက်ရပြီး ဝင်လာသူက အစ်ကိုဖြစ်သည်။ အိမ်နေရင်းဝတ် T-shirt နဲ့တောင် ချောမောသန့်ပြန့်နေသည့် အစ်ကိုပါပဲ။

" ရှင်းသန့် "

" ဗျာ "

" ဘာလုပ်နေတာလဲ "

" အာ.. ရှင်းပေါက်စကို အစာကျွေးနေတာလေ "

သူပြောလိုက်တော့ အစ်ကိုကရယ်သည်။ လက်ထဲက မုန်လာဥနီကိုလည်းကြည့်နေ၏။

" ဘယ်သူစား‌တာလဲ၊ ရှင်းပေါက်စလား မင်းလား "

အစ်ကိုက သူ့စကားနဲ့သူသဘောကျကာရယ်နေသည်။

" ဖြည်းဖြည်းစားပါကွာ၊ ကိုယ်လုမစားပါဘူး "

" .... "

" ရှင်းပေါက်စလေးကိုပြောတာ "

" ဟုတ် "

လှောင်အိမ်ထဲကို လက်ထည့်ကာ ရှင်းပေါက်စလေးကိုပွတ်သပ်နေသည့် အစ်ကို။ ပါးချိုင့်တွေပေါ်သည်အထိလည်းပြုံးနေသည်။ ရုတ်ချည်းဆိုသလို ရှင်းပေါက်စကို မနာလိုဖြစ်လာမိတဲ့စိတ်‌ကြောင့် လက်ထဲကမုန်လာဥကိုသာ နာနာဝါးပစ်လိုက်၏။

" ရွှန်းလဲ့ပြောတဲ့စကားတွေ စိတ်ထဲမထားနဲ့နော် "

ရုတ်တရက် အစ်ကို့ဆီမှထွက်လာသည့်စကားဖြစ်သည်။ ရွှန်းလဲ့ဆိုသောမိန်းကလေး ပြောသွား‌သည့်စကား‌တွေဟာ အမှန်ဆိုတာသိလိုက်ရတော့ ရှင်းသန့် တုန်လှုပ်သွားတာတော့အမှန်ပင်။ အမေနှင့် အစ်ကိုဖြစ်သူက သူ့အပေါ်ဒီလောက်ထိပြတ်သားမယ်လို့မထင်ခဲ့။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now