🍑 12 🍑

8.2K 1K 78
                                    

// Unicode //
~~~~~~~~~~

* ဒီတော့ ကိုခွန်းမှာချစ်သူရှိလို့ မင်းကြေကွဲနေတယ်ပေါ့ *

တစ်ဖက်က ရူပါ မမြင်နိုင်သော်လည်း ရှင်းသန့် မျက်နှာကတော့ငိုမဲ့မဲ့ဖြစ်နေသည်။ ရယ်မောနေသော အစ်ကို့မျက်နှာချောချောအား အဝေးမှခိုးရိုက်ထားသောပုံလေးကို လက်ဖြင့်ဖွဖွတို့ထိနေသည့် ရှင်းသန့်။

* မင်းလက်လျှော့တော့မှာလား *

လက်လျှော့မယ်..။ လက်လျှော့တယ်လို့ဆိုရအောင်လည်း သူတစ်ခါမှမကြိုးစားခဲ့ဖူးပါ။

" လက်လျှော့ရအောင် ငါဘယ်တုန်းကကြိုးစားခဲ့လို့လဲ ရူပါရာ.. "

* အေး ဒါဆိုအခုကစပြီးကြိုးစားလိုက်တော့ *

" ကြိုးစားရမယ်.. "

* အင်း မင်းခံစားချက်တွေ ကိုခွန်းရိပ်မိအောင်ကြိုးစားကြည့် *

သူ့ခံစားချက်တွေ အစ်ကိုသိဖို့ဆိုတာ ရှင်းသန့်တစ်ခါမှမတွေးကြည့်ဖူးပါ။ ချစ်နေရရင်ပြီးရောဆိုတဲ့အတိုင်း အစ်ကို့အနားမှာရှိနေရင်ကို သူကျေနပ်ခဲ့တာမဟုတ်လား။ တစ်ခါတလေမှာ အစ်ကို့ကိုသဘောကျတဲ့အကြောင်းတွေ အစ်ကိုသိသွားရင်လို့စိတ်ကူးမိတဲ့အချိန်တိုင်း အမုန်းခံရမယ်ဆိုတဲ့အတွေးက သူ့အားခြောက်လှန့်နေခဲ့သည်။

" ငါကြောက်တယ် "

* ဘဝကတိုတိုလေးပါကွာ၊ အနည်းဆုံးတော့ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောရမှာပေါ့ *

" ငါ.. ဘယ်လိုပြောရမှန်းမသိဘူးလေ "

* အင်း.. အရင်ဆုံး မင်းပုံစံကိုပြောင်းလိုက် *

" ငါ့ပုံစံကို "

* အေး မင်းက ကိုခွန်းရှေ့ရောက်ရင် ကျောက်ရုပ်ဖြစ်သွားရော၊ အဲ့လိုမဖြစ်စေနဲ့ ကိုခွန်းအမြင်မှာ သွက်လက်နေရမယ်ကွာသိလား *

ရူပါ ပြောတာလည်းအမှန်ပါပဲ။ အစ်ကိုနဲ့နီးကပ်သွားတိုင်း ရင်တွေခုန်ပြီး အလွဲလွဲအချော်ချော်တွေလုပ်မိတာလည်း အခါပေါင်းမနည်းတော့။ အစ်ကို့ရဲ့အပြုံးတစ်ချက်နဲ့တင် ဘာလုပ်ရမှန်းမသိအောင် ပျာယာခတ်သွားတတ်တာလည်း ရှင်းသန့်ပါပဲ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now