🍑 34 🍑

7.2K 808 40
                                    

// Unicode //
~~~~~~~~~~

ခွန်းချိုသာဟန်နှင့် တိမ်ယံရှင်းသန့်တို့ နှစ်ယောက်တည်း‌ရှိသောထမင်းစားခန်းလေးမှာ တိတ်ဆိတ်လျှက်ရှိသည်။ မျက်နှာလည်းမကောင်းသလို စားနေတာစိတ်ပါပုံမရသော ရှင်းသန့်ကို ချိုသာကအကဲခတ်နေ၏။ အရင်နေ့ကမုန်လာဥနီမြင်လျှင် အားပါးတရစားတတ်သောကောင်လေးက အခုတော့သူကြိုက်တဲ့အစားစာကိုပင်မထိ။ သူလည်းမနေသာတော့ဘဲ မေးကြည့်ရန်ဆုံးဖြတ်လိုက်သည်။

" ရှင်းသန့် "

အတွေးလွန်နေပုံရသောကောင်လေးမှာ သူခေါ်တာကိုမကြား။

" ရှင်းသန့် "

" ဗျာ.. ဗျာ အစ်ကို "

" စားလို့မကောင်းဘူးလား "

" ကောင်းပါတယ် "

" ဒါဆိုနေမကောင်းဘူးလား "

" နေလဲကောင်းပါတယ် "

" မင်းကိုကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ၊ ဘာဖြစ်လို့လဲ ပြော‌ "

ညှိုးငယ်နေသောမျက်နှာလေးကို ကြည့်ကာမေးလိုက်တော့ ထုံးစံအတိုင်းအသံတိုးတိုး‌လေးဖြင့်ပြောလာသည်။

" ရှင်းပေါက်စလေးကိုလွမ်းလို့ "

" ဟမ်.. ဘယ်သူ "

" ရှင်းပေါက်စလေး.. "

" ရှင်းပေါက်စလေးဆိုတာက "

" အာ..ကျွန်တော့်ယုန်လေးပါ "

အခုမှပဲ ဒီကောင်လေးဘာဖြစ်နေတယ်ဆိုတာ သူနားလည်သွား‌တော့သည်။

" ရှင်းသန့် အိမ်မှာရှိလား "

သူမေးလိုက်တော့ခေါင်းညိတ်သည်။

" ကိုယ်သွားယူပေးမယ်လေ "

ထိုစကားကြောင့် ပြောင်းလဲသွားသောမျက်နှာလေးက ပျော်သွားတာသိသာသည်။ သို့သော်လည်း ချက်ချင်းဆိုသလို မျက်နှာငယ်လေးပြန်ဖြစ်သွားပြန်၏။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now