🍑 27 🍑

7.5K 891 65
                                    

// Unicode //
~~~~~~~~~~

ပြောစရာရှိတယ်ဆိုပြီး အိမ်ကိုရောက်လာသော မေမေက ဘာစကားမှမပြောဘဲ ဧည့်ခန်းမှာခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ မိနစ်ပိုင်းမျှကြာပြီဖြစ်သည်။ မေမေ့ပုံစံက ပြောသင့်၊ မပြောသင့် စဉ်းစားနေဟန်။

" ထွဋ်ခေါင် အလုပ်သွားတယ်မလား "

" ဟုတ်တယ် "

ခေါင်းကွဲပြီးနှစ်ယောက်သား အချုပ်ခန်းရောက်တဲ့ကိစ္စကိုလည်း အတော်လေးအဆူခံရပြီးပြီကို အခုရောက်နေတာက ဘာပြောချင်လို့လဲ။ ဘာကိစ္စမို့လို့ ဒီလိုအချိန်ဆွဲနေရတာလဲ။

" ဘာပြောစရာရှိလို့လဲ မေမေ "

ရူပါ မေးလိုက်တော့ မေမေကသက်ပြင်းရှည်ကြီးချကာ မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်သည်။

" မေမေ‌ပြောတာကို အလောတကြီးမဆုံးဖြတ်ဘဲ သေချာ‌နားထောင်နော် "

ရူပါ ခေါင်းညိတ်လိုက်ပေမယ့် မေမေကတော့ ပြောရမှာကို တွေဝေနေသေး၏။ မဟုတ်မှ...

" မေမေ.. နောက်အိမ်ထောင်ပြုချင်လို့လား "

သိချင်စိတ်ဖြင့်မေးလိုက်တော့ မေမေ့ဆီက မျက်စောင်းတစ်ချက်သာပြန်ရသည်။

" မဟုတ်ရင်.. ဖေဖေ နောက်မိန်းမယူသွားပြီလား "

" ပေါက်ကရတွေ ရူပါရယ်.. "

" မသိဘူးလေ၊ မေမေကအချိန်ဆွဲနေတော့ အဲ့လိုကိစ္စတွေပဲထင်တာပေါ့ "

" အချိန်ဆွဲနေတာ မဟုတ်ပါဘူးကွယ်၊ မင်းငြင်းလိုက်ရင် ဘယ်လိုပြန်ပြောရမလဲဆိုတာ ကြိုစဉ်းစားနေတာ "

ဧည့်ခန်းအတွင်း တိတ်ဆိတ်မှုက ပြန်လည်နေရာယူသွားပြန်သည်။ ထိုသို့ဖြင့် ၁၀ မိနစ်လောက်ကြာသွားသည့်အခါမှ မေမေ့ဆီက စကားထွက်လာသည်။

" မကြည်ပြာတို့က ကလေးတစ်ယောက်လောက် လိုချင်ကြတယ် ရူပါ "

" အဲ့ဒီတော့.. "

" သားနဲ့ ထွဋ်ခေါင်ကို ကလေးယူစေချင်နေတာ "

" ဗျာ !! "

ရူပါ ကိုယ့်နားကိုပင် မယုံနိုင်ဖြစ်သွားသည်။ ကိုကို့ အမေက ရူပါတို့ကို ကလေးယူစေချင်သည်တဲ့။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now