🍑 44 🍑

7.2K 859 73
                                    

// Unicode //
~~~~~~~~~~

လူးလွန့်ပြီး မျက်လုံးတွေကိုလက်နှစ်ဖက်ဖြင့်ပွတ်သပ်ရင်း ချာတိတ်နိုးလာသည်။ မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကိုမြင်လိုက်ရချိန် ချာတိတ်ရဲ့မျက်ဝန်းအစုံမှာကြောက်စရာသတ္တဝါကိုတွေ့လိုက်ရသလို ဝိုင်းစက်သွားသည်။ ‌ထို့နောက် စောင်ပုံထဲကထွက်ကာ ကုတင်ပေါ်မှပြေးဆင်း၏။

" ကျွန်တော်.. ကျွန်တော်ဘယ်ကိုရောက်‌နေတာလဲ "

" ကိုယ့်တိုက်ခန်းလေ "

" ဘာလို့ ခင်ဗျားတိုက်ခန်းကိုရောက်နေတာလဲ !! "

" မင်းပဲ ညကအိမ်မပြန်ချင်ဘူးဆိုလို့ ခေါ်လာတာပေါ့ "

" ခင်ဗျား မလိမ်နဲ့ "

ဒီလိုဖြစ်မယ်ဆိုတာကြိုသိနေသူ ရန်ငြိမ်းဝေမှာ ဘေးကဖုန်းကိုယူပြီး recording ဖမ်းထားသော အသံကိုဖွင့်လိုက်သည်။

* အိမ်မပြန်ချင်ဘူး.. ‌ကျွန်တော့်ကို ဒေါ်လေးရိုက်မှာ.. *

* ဒါဆို ကိုယ့်တိုက်ခန်းကိုလိုက်မလား *

* အင်း လိုက်မယ် *

ဆွံ့အနေသည့်ချာတိတ်ကို မျက်ခုံးတစ်ဖက်ပင့်ပြလိုက်၏။ ထို့နောက် ချာတိတ်က မှန်ရှေ့သွားကာ သူ့ကိုယ်သူဆန်းစစ်နေသောကြောင့် ရန်ငြိမ်းဝေမှာရယ်မိသေးသည်။

" ကျွန်တော်တို့.. ဘာမှမဖြစ်ခဲ့ဘူးမလား "

" ဖြစ်ခဲ့တာပေါ့ "

" ... "

ကြောင်အစွာကြည့်နေသည့်ကောင်လေးကို စချင်လာ၍ ရန်ငြိမ်းဝေ မျက်နှာကို သနားစရာကောင်းလောက်အောင် ညှိုးငယ်ကာပြောလိုက်သည်။

" ကိုယ်မရည်ရွယ်ပါဘူး "

" ဘာ ! "

" မင်းကဖြစ်ချင်ရင်တောင် ကိုယ်တားခဲ့ရမှာ "

" ခင်ဗျား ဘာတွေပြောနေတာလဲ၊ ကျွန်တော်တို့.. "

" အင်း.. ကိုယ်တို့ဖြစ်ခဲ့တယ် "

မယုံနိုင်သလို မျက်ဝန်းများဖြင့်ကြည့်နေသည့် ချာတိတ်။ အမှန်တကယ်ကြီးလန့်သွားတဲ့ ကောင်လေးကို ထပ်မစရက်တော့တာကြောင့် ရန်ငြိမ်းဝေ ရယ်‌ကာစကားဆိုလိုက်သည်။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Hikayelerin yaşadığı yer. Şimdi keşfedin