🍑 9 🍑

8.8K 1.1K 186
                                    

// Unicode //
~~~~~~~~~~

" အချစ်လေးကို လွမ်းနေတာ.. "

လင်းရူပါသွင် ပြောပြီး တူနဲ့ညှပ်ထားသောအသားပြားအား ပါးစပ်ထဲထည့်ကာ အားရပါးရဝါးလိုက်သည်။ မျက်နှာကိုလည်းအမျိုးမျိုးလုပ်နေ၏။

" ကိုကြီးရဲ့အသည်းလေး "

" ကိုကြီးရဲ့နှလုံးသားလေး "

" ကိုကြီးရဲ့ အချစ်လေး "

ဟော့ပေါ့အိုးထဲက စားစရာများအား သူပေးထားတဲ့ ကိုယ်ပိုင် nickname များခေါ်ကာ ပါးစပ်ထဲတစ်ခုပြီးတစ်ခုထည့်နေတဲ့ လင်းရူပါသွင်။ ရန်ငြိမ်း‌ဝေ မျက်စိနောက်လာသည်။ ဖြူကောင်လေး အကြောင်းသိချင်၍သာ သကောင့်သားကိုဟော့ပေါ့ဆိုင်ခေါ်လာရခြင်းဖြစ်သည်။

" ဖြည်းဖြည်းစား ညီလေး၊ မဟုတ်ရင် အသားပြားနင်ပြီးကြွသွားမှ မင်းရဲ့ချစ်လင်ကြီးက ငါ့ကိုထောင်ထဲပို့နေမယ် "

" ဘာချစ်လင်ကြီးတုန်း၊ မပြောစမ်းပါနဲ့ ကိုရန်ငြိမ်းရာ၊ ကျွန်တော့်ကိုစားမဝင်အောင် "

ပြောပြီး အကင်ဗန်းထဲကကျက်နေပြီဖြစ်သော အသားကိုယူကာ ဆလပ်ရွက်ထဲထည့်၊ ဆော့စ်တို့ပြီးပါးစပ်ထဲထည့်လိုက်သည့် ရူပါ။ စကားပြောချင်လို့ခေါ်လာသော်လည်း ဟော့ပေါ့လောက်တောင် အာရုံစိုက်မခံရတော့ ရန်ငြိမ်းစိတ်ညစ်သွား၏။ တကယ်ဆို သူ့အမှားပါပဲ။ လင်းရူပါသွင်ဆိုတာအစားသောက်နှင့်တွေ့လျှင် ဘာမှအာရုံမရတော့တာကို သူမေ့သွားခဲ့သည်။

" ငါနဲ့စကားပြောဦးမှာလား ရူပါ "

" ပြောလေ၊ ကျွန်တော်နားထောင်နေတယ် "

" ဒါဆို အရင်ဆုံးသိချင်တာမေးမယ်နော် "

" အင်း "

ရူပါ ပြန်ဖြေရင်း အိုးထဲကကျက်သွားသည့် ပုစွန်ရဲရဲကို ဆယ်ယူကာ ပန်းကန်လုံးထဲထည့်လိုက်သည်။ ထို့နောက် ပူပူ‌နွေးနွေးပုစွန်ကို လက်ညှိုးနှင့်လက်မသုံးကာ အခွံနွှာနေသည်။

" ပြောလေ ကိုရန်ငြိမ်း "

" အင်း.. ဟိုဟာ.. ချိုသာ့ဆိုင်မှာအလုပ်လုပ်နေတဲ့ မင်းသူငယ်ချင်းဆိုတဲ့ ဖြူဖြူသေးသေးကောင်လေးလေ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now