🍑 33 🍑

7.3K 797 72
                                    

// Unicode //
~~~~~~~~~~

" ‌ရော့ "

ပန်းကန်ထဲသို့ရောက်လာသော အခွံနွှာပြီးသားပုစွန်နွေးနွေးလေးများကြောင့် ပြုံးလျှက်ဆိုလိုက်သည်။

" thanks ကိုတေဇ "

ရူပါ စားသမျှကိုဘေးကနေ ဂရုတစိုက်ကြည့်ပေးနေသော မိုးတေဇယံ..။ ရူပါ့အတွက် အအေးလည်းယူပေးသည်။ အသားတွေလည်းကင်ပေးပြီး ပုစွန်တွေလည်း တစ်ကောင်ပြီးတစ်ကောင်အခွံနွှာပေးနေ၏။

" ရူပါက ဟော့ပေါ့သရဲလေးပဲ "

" ကိုတေဇကလည်းဗျာ၊ အခုမှ တစ်ခါပဲဝယ်ကျွေးတာကို "

" ဟား.. နောက်လည်း လိုက်ကျွေးဦးမှာပါကွာ၊ စားချင်တဲ့အချိန်သာပြောလိုက် "

ကိုတေဇနှင့်အိမ်နီးချင်းဖြစ်ရတာ ရူပါ့အတွက် ဘုရားပေးတဲ့ဆုပင်။ အလုပ်မရှိ၍ပျင်းနေသော ရူပါကို ကိုတေဇက မုန့်လိုက်ကျွေးလိုက်၊ ဟော့ပေါ့ဆိုင်ခေါ်လာလိုက်နှင့်ဖြစ်သည်။ အမြဲတမ်းလဲ ရူပါ့ဘေးကနေ တတွတ်တွတ်နဲ့စကားတွေပြောကာ ဂရုစိုက်ပေးသည်။

ကြာတော့ လူကရင်ခုန်ချင်သလိုလို ဘာလိုလိုတွေဖြစ်လာရပြီ..။

" နောက်တစ်ခါ သောက်ဖို့အဖော်မရှိရင် ကိုယ်လိုက်ပေးမယ်၊ အများကြီးသောက်မယ်ဆိုလဲ တစ်ယောက်တည်းမသွားနဲ့ ရူပါရာ "

" အဲ့ဒီတုန်းက ဖုန်းမှားခေါ်တာ၊ sorry ကိုတေဇ.. ဟီး "

" ရပါတယ်၊ နောက်တစ်ခါ တစ်ယောက်တည်းဆို အဲ့လောက်မသောက်နဲ့နော် "

ရူပါ ခေါင်းညိတ်ပြလိုက်တော့..

" လိမ္မာတယ် "

ပြောပြီး သွားစွယ်လေးများပေါ်သည်အထိ ချစ်စရာကောင်းစွာရယ်ပြသော ကိုတေဇ..။ ထိုသို့ရယ်လိုက်တိုင်း ရူပါတစ်‌ယောက်ငေးခနဲဖြစ်သွားတတ်သည်။ 

" ရေခဲမုန့်စားမလား "

" အွန်း.. စားမယ်၊ ချောကလတ် "

" ဟုတ်ပြီ "

နေရာမှထသွားသော ကိုတေဇကိုကြည့်ပြီး ရူပါ အသည်းယားကာပြုံးလိုက်မိသည်။ ကိုတေဇနှင့် မုန့်ထွက်စားတိုင်း ရည်းစားနှင့် date လုပ်သလိုခံစားရတာ သူ့ရဲ့လိုတာထက်ပိုသည့်ဂရုစိုက်မှုများကြောင့်လား..။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now