🍑 17 🍑

8K 1K 81
                                    

// Unicode //
~~~~~~~~~~

သူငယ်ချင်းဖြစ်သူရဲ့ချိန်းဆိုမှုကြောင့် ရန်ငြိမ်းဝေတစ်ယောက် မလာချင်၊ လာချင်ဖြင့် club ကိုရောက်လာသည်။ သူရောက်သည့်အချိန်မှာတောင် သကောင့်သားက ရောက်မလာသေး။ ကိုယ်တိုင်လည်း Club ဖွင့်ထားတာကို သူများ Club မှာ တကူးတကအရက်လာသောက်ရသလိုဖြစ်နေ၍ ဘော်ဒါဖြစ်သူကိုသာ စိတ်ထဲမှကျိန်ဆဲမိသည်။

ကြိုချိတ်ထားသောအခန်းအား စင်္ကြံလမ်းမှတက်သွားလို့ရသော်လည်း ကနေသောလူတွေထဲ သေးသေးသွယ်သွယ်မိန်းမ‌လှလေးများ တွေ့လိုက်ရသောအခါ ရန်ငြိမ်းဝေရဲ့ ခြေလှမ်းတွေလည်းဦးတည်ရာပြောင်းသွားသည်။ ကခုန်နေသူများကြား တိုးဝင်ရင်း သူ့ခန္ဓာကိုယ်ကိုလည်း တီးလုံးသံနှင့်စည်းချက်ကျစွာ လှုပ်ရှားလိုက်သည်။ မိန်းကလေးတချို့မှာ သူ့အနားကပ်ကာ လိုတာထက်ပို၍ လှုပ်ရှားကြသည်။ ထိုမိန်းမ‌လှလေးများဖြင့် အကြည်စိုက်နေစဉ် ရုတ်တရက်ဝင်တိုက်သောလူကြောင့် သူ့မှာအင့်ခနဲ။

ဒီလိုနေရာမှာ အချင်းချင်းတွန်းတိုက်မိတာမျိုးက ပြဿနာမဟုတ်။ ပြဿနာက ဝင်တိုက်မိတဲ့သူမှာ မထင်မှတ်စွာပင် သူ့ကိုအနှောင့်ယှက်ပေးတတ်သော ချာတိတ်ဖြစ်‌‌နေ၏။

" ဪ.. မင်းပဲ "

ဆူညံလွန်းသော သီချင်းသံကြောင့် ရန်ငြိမ်းဝေပြောတာကို သူကြားမည်မဟုတ်။ သူလည်း ရန်ငြိမ်းဝေကိုချက်ချင်းမှတ်မိပြီး အံ့ဩသွားပုံရသည်။ လမ်းဖယ်ပေးရန် သူ့အားမသိမသာတွန်းထုတ်နေသော်လည်း ပေတေပြီးရပ်နေလိုက်သည်။ သူ့ကိုကြည့်လိုက်၊ အနောက်သို့လည်ပြန်ကာကြည့်လိုက်နှင့် ချာတိတ်ပုံစံကအလျင်လိုနေပုံရသည်။ သို့ပေမယ့် သူဖယ်မပေးမိ။

ထိုအချိန် မော့ကြည့်လာသောမျက်ဝန်းတွေမှာ မျက်ရည်ကြည်တွေရစ်ဝိုင်းနေသောကြောင့် ရန်ငြိမ်းဝေ မှင်သက်သွားသည်။ အခု ဒီကောင်ငိုနေတာလား။

ရုတ်တရက် တစ်စုံတစ်ယောက်ရောက်လာပြီး ချာတိတ်ကိုလှမ်း‌ဆွဲလိုက်ရာ သူနှင့်အနည်းငယ်ကွာဝေးသွားသည်။ ဝတ်စားထားပုံကြည့်ရတာ လုံခြုံရေးတစ်ဦးပဲဖြစ်မည်။ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်တောင့်တောင့်နှင့်လူရဲ့လက်ထဲတွင် ချာတိတ်က ခြေကန်ပြီးရုန်းနေ၏။ ဘေးကလူတွေမှာလည်း သူတို့အာရုံနဲ့သူတို့ဖြစ်၍ ထိုအဖြစ်အပျက်ကိုသတိထားမိသူလည်းမရှိ။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now