🍑 55 🍑

7.1K 845 173
                                    

// Unicode //
~~~~~~~~~~

ဒီနေ့ဟာ တိမ်ယံရှင်းသန့်ရဲ့ အသက်၂၀ပြည့် ‌မွေးနေ့ဖြစ်သည်။ ဘယ်သွားချင်လဲမေးရာ ဟန်နဲ့အတူတူဘုရားသွားချင်တယ်ဆိုလာ၍ ရွှေတိဂုံစေတီတော်သို့ ရောက်ခဲ့ကြသည်။ လူသိပ်မရှုပ်သောကြောင့် ခြေလျင်တက်ကြပြီး ကောင်လေးစိတ်တိုင်းကျ ဓာတ်ပုံတွေအများကြီးရိုက်ပေးဖြစ်သည်။ ဆင်စွယ်ရောင် ချည်သားအင်္ကျီလက်တိုပွပွလေးကို အနီရောင်အကွက်စိပ်ပုဆိုးထဲထည့်ကာ ဝတ်ဆင်ထားသည့်ကောင်လေးဟာ ရိုးရှင်း‌စွာပဲကြည့်ကောင်း‌နေသည်။

ဦးစွာ ရွှေတိဂုံစေ‌တီတော်ကြီးအား ဦးခိုက်ပြီးနောက် ကြာသ‌ပတေးသားလေးဖြစ်သည့် ရှင်းသန့်က သူ၏နေ့နံထောင့်တွင် ‌ပန်းလှူကာ ဘုရားရေသပ္ပာယ်သည်။ ‌‌ထို့နောက် ရွှေသင်္ကန်းကပ်လှူဖြစ်ကြသည်။

* မောင်ခွန်းချိုသာဟန် + မောင်တိမ်ယံရှင်းသန့် *

နှစ်ယောက်တွဲနာမည်ဖြင့် အလှူခံဖြတ်ပိုင်းလေးက သူ့အားပြုံးမိစေသည်။

မွန်းတည့်ချိန်သို့ရောက်လာ၍ ‌နေပူရှိန်က တဖြည်းဖြည်းမြင့်တက်လာချေပြီ။ နေဒဏ်‌ကြောင့် ရှင်းသန့်ရဲ့ လက်မောင်းသားဖွေးဖွေးလေးများက နီမြန်းလာပြီး နှာဖျားလေးတွေပါ ရဲတက်လာသည်။ ကောင်ငယ်လေးက အပူဒဏ်မှမခံနိုင်ဘဲ။ ထို့ကြောင့် စေတီအား လက်ယာရစ်တစ်ပတ်ကို ခပ်သွက်သွက်ပင်ပတ်ပြီးနောက် အ‌ရှေ့ဘက်မုခ်မှပြန်ဆင်းကြသည်။

ကားပေါ်တွင် ရေဘူးဆောင်မထားမိသည်ကို ရုတ်တရက်သတိရလိုက်၍ ရှင်းသန့်ကို အရင်သွားခိုင်းလိုက်ပြီး ဆိုင်တန်းများရှိရာဘက်သို့ လျှောက်လာခဲ့သည်။

" ကိုခွန်း "

အနားသို့ရောက်လာသူကိုကြည့်လိုက်တော့ ရူပါ ဖြစ်သည်။ လည်ကတုံးနှင့်ပုဆိုးကို ကျကျနနဝတ်ကာ လူကြီးဆန်နေသော ရူပါကိုကြည့်ပြီး သူလည်းပြုံးမိသည်။

" ထွဋ်ခေါင်နဲ့လာတာလား "

" မဟုတ်ဘူး ကိုခွန်း၊ မေမေ့ကိုလိုက်ပို့တာ၊ ကိုခွန်းက ရှင်းသန့်နဲ့လာတာမလား "

" အင်းပေါ့ "

" ဟီးဟီး.. ကိုခွန်း ဟိုလေ.. ကျွန်တော် ကိုခွန်းကိုမေးမလို့ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now