🍑 28 🍑

7.4K 918 108
                                    

// Unicode //
~~~~~~~~~~ 

တစ်ပတ်...။
တိမ်ယံရှင်းသန့်ဆိုတဲ့သူ့ကို အိမ်မှာပဲနေခိုင်းတာ တစ်ပတ်ခန့်ရှိပြီဖြစ်သည်။ မိုးသောက်နှင့်လည်းမတွေ့ခိုင်း။ ဖုန်းမသိမ်းထားလို့သာ ရူပါနှင့်အဆက်သွယ်ရနေခြင်းဖြစ်သည်။ သို့‌သော်လည်း အစ်ကိုနဲ့တော့ အဆက်သွယ်ပြတ်နေသေးသည်။ အစ်ကိုလည်း အတော်လေးစိတ်ညစ်နေမယ်ဆိုတာ ရှင်းသန့်သိပါသည်။ အားလုံးက သူထင်သလို လွယ်လွယ်နှင့်ပြီးမသွားဘဲ ပိုပြီးရှုပ်ထွေးလာရသည်။ ရူပါကတော့ စိတ်အေးအေးထားပြီးနေဖို့နှင့် အားလုံးအဆင်ပြေသွားမှာပါလို့ပြောရှာသည်။ 

အစ်ကို့ဓာတ်ပုံတွေမရှိတော့ဘဲ ဗလာကျင်းလင်းဖြစ်သွားသော နံရံကြီးကိုကြည့်ရင်း ရှင်းသန့် မျက်ရည်ကအလိုလိုဝဲသည်။ ရှင်းသန့်ရဲ့ အစ်ကိုဖြစ်သူအား မေမေက ဖြစ်ပျက်သမျှကိစ္စတွေပြောပြလိုက်၍ စိတ်ဆိုးဒေါသထွက်ကာ အခန်းထဲက ဓာတ်ပုံတွေအားလုံးကို ဆုတ်ဖြဲပစ်သည်။ သူလုပ်နိုင်တာက ငိုနေရုံသာ..။

" ရှင်း "

အခန်းထဲသို့ ကိုကြီးဝင်လာ၍ ပါးပေါ်ကမျက်ရည်တွေကို ရှင်းသန့်အလျှင်အမြန်သုတ်လိုက်သည်။

" ငိုနေပြန်ပြီလား၊ ပျော့ညံ့လိုက်တာ "

ကိုကြီးက အနားသို့လျှောက်လာရင်း စကားဆိုသည်။

" မင်းအကောင်က မင်းကိုဖုန်း‌တောင်မဆက်ဘူးမလား၊ လက်လျှော့သွားပြီမလား "

" အစ်ကိုက မအားလို့ပါ "

ရှင်းသန့်ပြောလိုက်တော့ ကိုကြီးဆီမှ ရယ်သံထွက်လာသည်။ ခနဲ့သည့် လှောင်ရယ်သံမျိုး..။

" ငါပြောမယ် ရှင်း၊ ယောက်ျားလေးနှစ်ယောက် ချစ်တယ်ကြိုက်တယ်ဆိုတာ အလကားပါကွာသိလား၊ လူတိုင်းရဲ့နှာခေါင်းရှုံ့တာကိုခံပြီး ဘယ်သူကမင်းကိုချစ်မှာလဲ "

ပြန်မပြောချင်၍ ရှင်းသန့် ခေါင်းငုံ့ထားတာကို ကိုကြီးက သူ့စကားနာခံတယ်လို့ထင်သွားပုံရသည်။

" အရင်တည်းက မင်းကဘာဆိုတာသိပြီးသား၊ အဲ့ဒါကြောင့် မေမေရော ငါရော မင်းကိုကျောင်းတောင်လိုက်မပို့တာပေါ့ "

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now