🍑 30 🍑

8.1K 851 91
                                    

// Unicode //
~~~~~~~~~~

ထွဋ်ခေါင် ကုတင်ပေါ်‌ ‌‌ရောက်လို့ စောင်ခြုံပြီးကာမှ ကျယ်လောင်သောအသံများကြားလိုက်ရသောကြောင့် အောက်ထပ်သို့ဆင်းလာရသည်။ တွေ့လိုက်ရတာက ကြည့်ကောင်းတဲ့မြင်ကွင်းတော့မဟုတ်။ မကြာသေးခင်ကမှ ဘေးခြံသို့ပြောင်းလာတဲ့ကောင်ရဲ့ရင်ခွင်ထဲတွင် ပြုံးပြုံးကြီးရှိနေ‌တဲ့ ရူပါ။

" တွဲပေးလိုက် ကိုကျော်စွာ "

သူပြောလိုက်တော့ ကိုကျော်စွာက ဟိုကောင့်လက်ထဲမှ ရူပါ့ကိုလွှဲယူသည်။

" သူ့အခန်းထဲပဲ ပို့ပေးလိုက် "

ကိုကျော်စွာကခေါင်းညိတ်ကာ ရူပါ့ကိုတွဲသွားသည်။ အိမ်ရှေ့တွင်ကျန်ခဲ့တာ ထွဋ်ခေါင်နှင့် ဘေးခြံကကောင်။ အိမ်ထဲရောက်သွားပြီဖြစ်သော ရူပါ့ကို လည်တဆန့်ဆန့်နှင့် လိုက်ကြည့်နေသေး၍ ထွဋ်ခေါင်ပိတ်ရပ်လိုက်သည်။

" အတူတူသောက်ကြတာလား "

" မဟုတ်ဘူး၊ ရူပါက ကျွန်တော့်ကိုဖုန်းဆက်လို့ သွားခေါ်လာတာ "

" ဖုန်းဆက်တယ် ?? "

" အင်း "

အရင်ကဆို ဘာဖြစ်ဖြစ် သူ့ကိုပဲ‌ဖုန်းဆက်ပြီးခေါ်လေ့ရှိသည်မဟုတ်လား။ ဘာကြောင့်များ အခုမှအမေကိုကျော်ပြီး ဒွေးတော်လွမ်းရသလဲ။

" ကျေးဇူးပဲ "

" ရပါတယ်၊ သူတော်တော်မူးနေတာ "

" သိတယ် "

" လမ်းမှာလဲ အန်လာသေးတယ် "

" သိတယ် "

" ဟမ်.. ဘယ်လိုသိတာလဲ "

" ငါက သူ့ယောက်ျား၊ သူ့အကြောင်း အကုန်သိတယ် "

" ဪ...ဟုတ်ပါပြီ.. ခွင့်ပြုပါဦး "

" လစ် "

ထွဋ်ခေါင်အမြင်တွင် ဘေးခြံကကောင်မှာ လုံးဝထောင့်မကျိုး၊ အချိုးမပြေပါ။ နားကွင်းအမဲကို နားတစ်ဖက်တည်းမှာပန်ထားပုံက လမ်းသရဲလိုလို၊ ဘာလိုလို။ တစ်ကိုယ်လုံးကိုအနက်ရောင်ဆင်ထားသည်မှာလည်း အချိုးမပြေ။ ခြုံပြောရရင် သူ့တစ်ကိုယ်လုံးမှာ အချိုးပြေသည့်နေရာမရှိတော့။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now