ယဉ်အေးရဲ့ ခေါင်းညိမ့်လက်ခံတာတောင် မစောင့်တော့ဘဲ ကုတင်ပေါ်တက်ခွေနေပြီ.. ။

တကယ် အဟုတ်ကို ပြန်ပြောင်းလဲပေးဖို့ အရိပ်ယောင်တောင် မပြတော့ ယဉ်အေးမျှော်လင့်ချက်မဲ့ရပြီ.. ။

ဖုန်းကိုဖုန်းလို့မမြင်ဘဲ ဆယ့်ခြောက်သိန်းဆိုတဲ့ ငွေပုံကြီးကိုပဲ မြင်နေမိတဲ့သူက ယဉ်အေး..

ယဉ်အေးကသာ တစ်ယောက်ထဲ အပူမိနေတာ ကိုရှင်လေးကဖြင့် အေးအေးလူလူ.. ကိုရှင်လေးပဲ ကောင်းတယ် ။

ယဉ်အေးဖုန်းပြန်ယူပြီး အောက်ထပ်ပြန်ဆင်းပြီး ယဉ်အေးအပူတွေ ထုတ်အံပြီး ပြုံးပြုံးဆီမျှဝေလည်း ပြုံးပြုံးက အပြုံးတောင်မပျက်ဘူး..

" ခ်ခ်.. မမလေးရယ် ကိုလေးက မမလေးမို့ ဝယ်ပေးတာလေ ယူလိုက်ပေါ့ "

" ပြောတာကသာ လွယ်တာ.. ယဉ်အေးခေါင်းမှာ အလေးပင်ကြီးရွက်ထားရသလိုပဲ လေးပင်နေပြီ တသက်နဲတစ်ကိုယ်ဒီလောက် တန်ဖိုးကြီးတာမကိုင်ခဲ့ရဖူးတော့ ပိုဆိုးတယ် ပြုံးပြုံးရဲ့.. "

" မမလေးနေရာမှာ ပြုံးပြုံးသာဆို ပျော်ပြီးထတောင် ကနေမှာ.. "

" ယဉ်အေးက ထမကနိုင်တာ ဆိုးတယ် ပြုံးပြုံးရယ်.. ကိုရှင်လေးကလေ သိပ်လက်ဖွာတာ သူယဉ်အေးအတွက်ဆိုပြီး ဝယ်ထားတာ သိန်းခုနစ်ဆယ်ကျော် ရှစ်ဆယ်နားကပ်နေလောက်ပြီ "

" တစ်ရာမပြည့်သေးပါဘူး မမလေးရဲ့.. "

" ပြုံးပြုံးနော်.. ဒီစကား ကိုရှင်လေးရှေ့ သွားမပြောနဲ့ တကယ်အဟုတ် တစ်ရာပြည့်အောင် ကြံဖန်မယ့်သူ "

" ခ်ခ်.. "

" ယဉ်အေးဖြင့် ပိုက်ဆံတွေ နှမြောလိုက်တာ.."

" မမလေးရယ် တွေးပူမနေပါနဲ့.. ဖြစ်လာမှတော့ အကောင်းပေါ့ ဖွင့်ကြည့်ပါလား ပြုံးပြုံးလည်း ဘေးကနေကြည့်ချင်လို့ "

" ဟင်.. ယဉ်အေး ဖုန်းလာရင်ပဲကိုင်လိုက်တယ် ဖုန်းနံပါတ်တွေ့ရင်ခေါ်လိုက်တယ် ဒါပဲတတ်တာ ကျန်တာမသိဘူး "

ဒီလောက်လေးတောင် ဝိုင်းကြည်နဲ့အေးကြည်ကြောင့် ယဉ်အေးသိရတာ.. ။

" ဒါများ ပြုံးပြုံးရှိနေတာပဲ.. ပြုံးပြုံး တတ်သလောက် မှတ်သလောက် ပြမယ်လေ "

ခွင့်မရှိ (Unicode)Where stories live. Discover now