" ဒီဖုန်းတစ်လုံးတောင် ပျောက်အောင် ကိုင်မယ်ဆိုတော့ မင်းက ကလေးလား.. "

ဟုတ်တယ်.. ကိုင်တောင်မကိုင်ရသေးဘူး ပျောက်ဖို့ကအရင် ။

မပျောက်အောင်တော့ ဂရုစိုက် ကိုင်ဦးမှပေါ့..

" ယဉ်အေး ကလေးတော့ ဘယ်ဟုတ်မလဲ.. ဒါပေမယ့် ဒီလောက်တန်ကြီး ကိုင်ရတာ စိတ်မလုံဘူး အလိုလိုနေရင်း ပျောက်မှာစိုးလို့ ထိန်းသိမ်းနေရတာနဲ့ပဲ ယဉ်အေးသေရင်တောင် ကျွတ်မှာမဟုတ်ဘူး.. ဥစ္စာစောင့် အဖြစ်ကျန်နေရင် ဒုက္ခ "

အောင်မယ်.. ဒီလောက်လေးကို ဥစ္စာစောင့်ဖြစ်ဖို့ထိ စီမံကိန်းရေးဆွဲနေသေးတယ် အံ့ရော ။

" ယဉ်အေး ဒီဖုန်းမကြိုက်ဘူး.. "

" မင်းပြောတော့ ကိုရှင်လေးကြိုက်တာဆို ယဉ်အေးလည်းကြိုက်ပါတယ်ဆို.. "

" အယ်.. "

ကိုရှင်လေးကို ယဉ်အေးပြောဖူးတာမို့ ကိုယ့်စကားနဲ့ကိုယ် ပြန်ခံရပြီ.. ။

ဒါပေမယ့်လည်း ဒါကိုယူရမှာ ဝန်လေးနေတာလေ..

" ဒါပြန်သွင်းလိုက်ပြီး နည်းနည်းစျေးပေါတာလောက်လေးနဲ့ ပြန်လဲလိုက်ပါလားဟင်.. "

ဟော စလာပြီ.. ပြန်သွင်းဖို့စကား ။

ပြန်သွင်းလိုက်တာက ဘယ်လောက် အောက်လဲ သူသိတာ ကျလို့.. ရှင်လေးတို့က အသက်သေရင် သေသွားပါစေ ဝယ်ပြီးပစ္စည်း ပြန်သွားမလဲပါ ။

" မလဲပါဘူး.. ဘာကိစ္စ ငါသွားလဲရမှာလဲ မလဲနိုင်ဘူး မင်းကိုငါပြောသားပဲ ငါကြိုက်တာ ငါဝယ်လာမှာ မကြိုက်ရင်လည်း မင်းထိုက်နဲ့မင်းကံလို့ ပြောတယ်နော်.. မကြိုက်လည်း ကိုင် ကြိုက်လည်းကိုင်ပဲ "

" ..... "

ယဉ်အေး ငြင်းစရာစကားမတွေ့ပြန်.. တကယ်လည်း ကိုရှင်လေး မသွားခင် အဲ့လိုပြောသွားတာလေ.. ဒါပေမယ့် အခုလိုကြီးတော့ မတွေးဖြစ်ခဲ့ဘူးလေ ။

အခုတော့ ဘယ်သူ့ကိုအပြစ်တင်ရမလဲ .. ဝယ်လာတဲ့ကိုရှင်လေးကိုလား မလိုက်သွားချင်တဲ့ ယဉ်အေးကိုယ် ယဉ်အေးလား

ကိုရှင်လေးနဲ့တော့ ခက်တယ် ။

" ဒါပဲမလား.. ငါတရေးအိပ်လိုက်ဦးမယ် ညနေအိမ်ပြန်မှာနော် "

ခွင့်မရှိ (Unicode)حيث تعيش القصص. اكتشف الآن