Author's Notice
6.4K 224 27
Unicode
အရင်ပြီးခဲ့သော ဇာတ်လမ်းတွေမှာလည်း
အဖွင့်အမှာစကားပြောခဲ့တာကြောင့်
ထုံးစံအတိုင်း အမှာစကားလေးနဲ့ ဇာတ်လမ်း
အသစ်လေးကို အစပျိုးခြင်ပါတယ် ။
The Truth Untold Fanfiction
က ကျွန်တော့်ရဲ့ { 6 } ပုဒ်မြောက်ဇာတ်လမ်း
လေးဖြစ်လာပါပြီ ။ အရှေ့က ကျွန်တော်
ရေးသားခဲ့တဲ့ ဇာတ်လမ်းတွေမှာလည်း
အတွေ့အကြုံ လျော့နည်းမှုကြောင့် စာ
အရေးအသားမထိမိတဲ့အခါမျိုး ၊ စာဖတ်သူ
တို့ ခံစားချက်ပေါ့သွားတဲ့အခါမျိုးတွေ
ရှိကောင်းရှိခဲ့ရင်လည်း တောင်းပန်ပါရစေ ။
အားလုံးပဲ ခေါင်းစည်းလေးကို ကြည့်တာ
နဲ့ အလွမ်းအဆွေးသဘောမျိုးလေး
ခံစားရမယ်လို့ ထင်မိပါတယ် ။ အခုတစ်ခါ
ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ။
နောက်ပြီးအရင်ဇာတ်လမ်းတွေနဲ့ မတူပဲ
သုံးပွင့်ဆိုင်အချစ်လိုမျိုးလေးဖန်တီးထား
ပါတယ် ။ နောက်ပြီး ဒီဇာတ်လမ်းမှာ
Role Player မထားသလို ဗီလိန်လဲ
မပါဝင်ပါဘူး ။ လူသုံးယောက်ဆီရှိတဲ့
ချစ်ခြင်းမေတ္တာ ပုံစံသုံးမျိုးကို လှပစွာ
နဲ့ပဲ ပုံဖော်ထားပါတယ် ။
ကျွန်တော်က ကျန်တဲ့နေရာတွေမှာ
အပျင်းကြီးတတ်ပေမယ့် ဝါသနာပါတဲ့
စာရေးခြင်းမှာတော့ ပျင်းရိခိုကပ်ခြင်း
မရှိဘူးလို့ ကိုယ့်ကိုကိုယ်အာမခံပါတယ် ။
စာဖတ်သူတွေဆီကို ပေးချင်တဲ့ခံစားချက်
ကို အသေးစိတ်ရေးသားတတ်သူမို့ ဇာတ်လမ်း
က တိုမှာမဟုတ်ပါဘူးနော် ။
စာဖတ်သူနဲ့ စာရေးသူ အပြန်အလှန်
ယုံကြည်မှု ပျိုးပင်လေးတွေ စိုက်ပျိုးပြီး
အသီးအနှံလေးအဖြစ် ပေါ်ပေါက်လာမယ့်
အခု ဇာတ်လမ်းလေးကို အတူတူ
မျှော်လင့်ကျရအောင်....။
15.10.20 တွင် Episode 1
Update ပေးပါ့မယ်...။
ချစ်ခြင်းမေတ္တာဖြင့်
Meitaejin
                                  5.10.20
                                    9:38 Pm
##########################
Zawgyi
လေးဖြစ်လာပါပြီ ။ အရှေ့က ကျွန်တော်
မပါဝင်ပါဘူး ။ လူသုံးယောက်ဆီရှိတဲ့
မျှော်လင့်ကျရအောင်....။
15.10.20 တွင် Episode 1
Update ပေးပါ့မယ်...။
Meitaejin
                                  5.10.20
                                    9:38 Pm
The Truth Untold Where stories live. Discover now