"သား လာလေ။
သူရှက်နေလို့နေမှာ ""အဖေ ကျွန်တော်မရှက်ဘူး
အိမ်ထောင်မပြုချင်လို့ အိမ်ထောင်မပြုချင်လို့"စိတ်ဆိုးနတဲ့အသံမျိုးနဲ့ ပြောကာ
အဖေ့ဖက်လှည့်လိုက်တော့
တကယ့်ကိုမထင်ထားတာတဲ့
မြင်ကွင်းကြီးမြင်လိုက်ရတယ်။အဖေ့သူငယ်ချင်းက Prem ရဲ့ ပါပါး။
"ဟေ Boun"
"ပါပါး"
အဖေ့သူငယ်ချင်းက သဘောကျသွားဟန်ဖြင့်
"မင်းသားက Boun လား"
"သားနဲ့မင်းက သိလို့လား"
"သိတာပေါ့ ငါ့သားရဲ့အခန်းဖော်လေ။
ဆေးရုံတက်နေတုန်းသူဘဲ စောင့်ပေးတာ"ကျွန်တော် ပြောပြလို့မရအောင်ကိုပီတိတြွေဖစ်မိပါတယ်။
"ပါး Prem ကရော "
ကျွန်တော်မေးလိုက်တော့အဖေက
"မင်း မယူဘူးဆို မလိုချင်ဘူးဆို"
"ဘယ်တုန်းကပြောလို့လဲ အဖေ
ယူမယ် အမြန်ဆုံးစီစဉ်ပေး
ဒီအပတ်ထဲ စေ့စပ်ပွဲလေးဖြစ်မြောက်သွားရင်
အကောင်းဆုံးဘဲ ""အိမ်မှာတုန်းက ဘယ်လို ပြောလဲ"
အမေက ၀င်ပြောလိုက်တော့
"သားက Prem မှန်းမှမသိတာ ဗျာ"
"ဟုတ်ပါပြီ Prem က သူ့အခန်းထဲမှာ။
အပေါ်ထပ်က ထောင့်စွန်းအခန်းကသူ့အခန်းဘဲ။"ကျွန်တော်အိမ်ထဲဝင်လိုက်ကာ
ဒုတိယအထပ်ဆီဦးတည်ပြီး
သူ့အခန်းတံခါးအားသွားခေါက်မိသည်။_______________________________________
Prem💛
မချစ်ဘဲနဲ့ ဘယ်လိုစိတ်နဲ့များ အတူနေနိုင်မလဲ။
ကိုယ်တစ်ကယ်ချစ်ရတဲ့သူကရှိပြီးသား။
ဘယ်လိုမှရွေးချယ်ခွင့်မရှိဘူး။အခက်အခဲတွေအများကြီးကျော်ဖြတ်လာပြီးမှ
ရလာတဲ့မျှော်လင့်ချက်လေးကတခဏအတွင်းမှာဘဲ
အရိုက်ချိုးခံလိုက်ရပြီး လေထုထဲ အငွေ့ပျံသွားတယ်။
YOU ARE READING
Back To You
RomanceThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.
Chapter 25 Zawgyi🔞🔞🔞
Start from the beginning