Chapter 3

2K 175 1
                                    

ကျွန်တော်နဲ့ Prem ည ၇နာရီလောက် ထမင်းစားဖို့ထွက်လာကြခြင်းဖြစ်သည်။သူကတော့ဂျင်းဘောင်းဘီဒူးလောက်လေးကိုတီရှပ်အဖြူလေးနဲ့တွဲ၀တ်ထားသည်။

တရုတ်ကဗျားဒီကောင်လေးပါးဖောင်းဖောင်အသားဖြူဖြူနှင့်အတော်ပင်ချစ်ဖို့ကောင်သည်။ကလေးတစ်ယောက်လိုဘဲ။

အင်းကလေးနဲ့တူမှာပေါ့ ဒီကောက်လေးကအသက်၁၇လောက်ဘဲရှိသေးတာကို။စကားနည်းတဲ့ဒီကောင်လေးကျွန်တော့်ဘေး၌လမ်းလျှောက်ရင်းသူစားချင်သမျှသောအရာရာတိုင်းကိုလက်ချိုးရေကာပီတိတွေဖြစ်နေသည်။

"အကို"

ဒီကောင်လေးရဲ့ခေါ်သံကြောင့်အတွေးများကွယ်ပျောက်

"အွန်း" ဟု ကျွန်တော်ပြန်ထူးကာ

"ကျွန်တော် ဟော့ပေါ့စားချင်တယ်
ပီးရင်ထောပတ်သီးပျော်ရည်သောမယ်
ပီးရင်သရက်သီးရေခဲမုန့်စားမယ်
ပီးရင် "

Prem ဆက်ပြောရန်လက်များဆက်ချိုးနေ‌သည်။

"တော်ပါတော့ ဒီလောက်ဘဲစား ဗိုက်တွေလည်းကွဲထွက်နေပါဦးမယ် "

ကွန်တော့်စကားကြောင့်ဒီ‌ကောင်လေးမျက်မှောင်ကျုံ့ပြီးနှုတ်ခမ်းစူကာကျွန်တော့်ကိုလာကြည့်နေသည်။မကျေနပ်တဲ့ပုံစံနဲ့ပေါ့ဗျာ။ကျွန်တော့်စိတ်တွေဘယ်လိုဖြစ်လာမှန်းမသိ ဒီကောင်လေးကိုအတော်အသဲတွေယားနေမိတယ်။

"အား....နာတယ်ဗျ"

ကျွန်တော်မနေနိုင်လို့သူ့ပါးကိုဆွဲမိသဖြင့်အားခနဲထ‌အော်လိုက်တဲ့ကောင်လေး🤣

"လာပါ သွားကြရအောင်"

ကျွန်တော်သူ့ပခုံးကိုဖက်လိုက်ကာ‌အဆောင်နဲ့နီးတဲ့ဟော့ပေါ့ဆိုင်ကိုခေါ်လာလိုက်သည်။

"ဒီည မင်းနဲ့ငါပထမဆုံးစသိတာ‌ဆိုတော့ မင်းဟော့ပေါ့ကြိုက်သလောက်စား အကုန်ငါရှင်းမယ်"

ကျွန်တော့စကားကြောင့်

"တကယ်နော် ကျွန်တော်စားပစ်မှာနော်"

ဟုဆိုပြီးကျွန်တော့်ကိုလက်ညှိုးလာထိုးနေတယ်။

"ဒီကောင်လေး ဘယ်လိုလေးလဲဗျာ"

Back To You Where stories live. Discover now