Chpter15

1.4K 119 0
                                    

ကွန်တော်ဘာပြောပြော မတုံ့ပြန်ဘဲ
ခေါင်းလေးသာငုပ်နေသည်။

"အကိုနဲ့အပြင်လိုက်ခဲ့ပါလား
တစ်ယောက်တည်းထားခဲ့ရမှာ
စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့"

ကျွန်တော်ခေါ်နေပေမယ့်လည်း
အဖက်လုပ်ပြီးတောင်မျက်နှာကိုမကြည့်။

သူဒီလိုလုပ်နေရင် အသဲထဲကတောင်
တစ်ဆစ်ဆစ်နာတယ်။
ဘယ်လိုမှလည်းမခံစားနိုင်ဘူး။

"ပျွတ် "

သူ့ပါးလေးကို ခွင့်ပြုချက်မယူဘဲနမ်းလိုက်တော့
ပါးလေးကိုလက်နဲ့ကိုင်ကာ မျက်လုံးအဝိုင်းသားလေးနှင့် ကြောင်ကြည့်နေသည်။

"လိုက်ပါနော်"

ထပ်ခေါ်လိုက်တော့ ကောင်လေးက
အရင်လိုအကြည့်မလွှဲတော့ဘဲ
ကျွန်တော့်မျက်လုံးများကိုစိုက်ကြည့်နေပြန်သည်။

ကောင်လေးရဲ့အကြည့်ကိုမခံနိုင်တာ
အားနည်းချက်တစ်ခုများလားမသိဘူး။

"အင်း"

သူ့ဆီမှသဘောတူညီမှုလေးရတော့
ဆံပင်ကို Dryer နဲ့မှုတ်ရင်း
ရေချိုးတာလေးကိုထိုင်စောင့်နေလိုက်သည်။

ကုတင်အစွန်လေး၌ထိုင်ကာ
အပေါ်ပိုင်းဗလာကျင်းလေးနှင့်
ရေသုတ်နေသော Prem ရဲ့
အပေါ်ပိုင်းလေးကို မှန်ထဲမှနေ
ခိုးခိုးကြည့်နေမိသည်။

အကြည့်က ကျွန်တော့်ဆီမှာမရှိပေမယ့်
ကျွန်တော်ခိုးကြည့်တာသူသိနေတယ်ထင်တာဘဲ။

"ဘာကြည့်တာလဲ အကိုBoun"

အမေးကိုမဖြေနိုင်ဘဲ ဆွံ့အ နေမိသည်။

"အ၀တ်မြန်မြန်လဲ သွားကြရအောင်နော်"

...................................................................

"Boun ငါဒီမှာ "

LiLi ရဲ့အသံကြောင့်လှည့်ကြည့်လိုက်သည်။ထို့နောက်
သူမ ကျွန်တော်တို့နှစ်ယောက်အနားလျှောက်လာကာ
အပေါ်ကဟထားတဲ့ကြယ်သီးနှစ်လုံးမှတစ်လုံးကိုတပ်ရင်း

"အခန်းဖော်ကောင်လေးလည်းလိုက်မှာလား"

"အင်း ငါစိတ်မချလို့ သူနေမကောင်းဘူး"

Back To You Where stories live. Discover now