Chpter24

1.2K 107 0
                                    

ကျွန်တော့်ရဲ့ပြည့်စုံတဲ့
နေ့ရက်တွေကတော့ရောက်လာခဲ့ပါပြီ။
အကို Boun နဲ့ အတူရှိနေခွင့်ရတဲ့
ရက်တိုင်းက တောက်တောက်ပပနှင့်
တန်ဖိုးမဖြတ်နိုင်တဲ့ နေ့ထူးနေ့မြတ်အလား။

အကိုနဲ့တနေကုန်ရေပေါ်ဈေး၌
လျှောက်လည်ကာအချိန်ကုန်ခဲ့သဖြင့်
မောဟိုက်နွမ်းလျနေပါပြီ။

အိမ်ခြံအတွင်းသို့ ခြေပစ်လက်ပစ်၀င်လာလိုက်မိသည်။

ခြံ၀င်းအတွင်းရှိ စားပွဲဝိုင်း၌
ပါးနဲ့မားတို့ကစကားစမြည်ပြောရင်း

"သား ‌" ဟုလှမ်းခေါ်လိုက်သဖြင့်
‌လမ်းလျှောက်မနေတော့ဘဲ
‌အပြေးကလေးသွားပြီး
ဘေးကခုံမှာ၀င်ထိုက်လိုက်သည်။

"မနက်ဖြန်အိမ်ကို ဧည့်သည်လာမယ်သား"

ပါပါးက ကျွန်တော့်မျက်နှာကိုကြည့်ကာ
စကားဆက်လိုက်သည်။

"သား နဲ့ ပါပါးတို့လူကြီးချင်းသဘောတူထားတဲ့မိသားစု လာမှာ"

နားအတွင်းသံရည်ပူအလား ၀င်သွားခဲ့သည်။

"ပါး သားကမိန်းမယူလို့မရဘူးလေ။
ဘယ်လိုလုပ်ရမှာလဲ"

"Alpha ယောက်ျားလေပါ .
Alpha တွေအဲလောက်ရှားတာ။
တော်ကြာပါးတို့မြေးမချီရဘဲနေမယ်"

"ဟာဗျာ Prem ကလေးမမွေးချင်ဘူးနော်"

"Prem မမွေးရင်ဘယ်သူမွေးမှာလဲ"

"မား ရေပြောပါဦး"

မားလက်ကိုကိုင်ကာ အကူညီတောင်းလိုက်တော့

"ပါးကလဲ သား စိတ်မပါဘဲ မလုပ်ပါနဲ့။"

မားကကူညီပြီးပြောပေးပေမယ့်
ပါးကလက်မခံ

"လူကြီးချင်းမျက်နှာပျက်ရအောင်မလုပ်နဲ့သား"

ဟုသာ ပြောနေသည်။

"အဖေ့ကိုဒါလေးတော့ကူညီပါ။
အကုန်လုံးကသားအတွက်ဘဲ။
မနက်ဖြန်သားတို့အချင်းချင်းတွေ့ကြည့်လိုက်။
အဆင်ပြေချင်ရင် ပြေမှာပေါ့နော် ။
ငါ့သားလေးက လိမ္မာပါတယ်"

ဟုဆိုပြီး ကျွန်တော့်ခေါင်းလေးကိုလာပုတ်သည်။

အကိုBoun ရေကယ်ပါဦး ။
ကွန်တော်သေပါတော့မယ် ။

Ch24 end

Back To You Where stories live. Discover now