Chapter 12

1.4K 128 0
                                    

Center ထဲမှာ အကို Win နဲ့ ကျွန်တော်
ဟိုဆိုင်၀င်ဒီဆိုင်၀င်နှင့် ။

အကိုကလည်းအင်္ကျီတွေရောဖိနပ်တွေပါ
စိတ်ရှည်လက်ရှည်ရွေးပေးနေပါတယ်။

"အင်္ကျီကတစ်ထည်ဘဲ၀ယ်နော်
‌အသင်းကလည်းထုတ်ပေးရင်ထပ်၀ယ်ရဦးမှာ"

အကို့စကားကြောင့် "အင်း" လို့သာ ဖြေလိုက်ပြီး

နှစ်ယောက်သားဖိနပ်ဆိုင်ဖက်ထွက်လာခဲ့သည်။

အကိုကကျွန်တော့်ပုခုံးပေါ်လက်တင်ကာ

"ဖိနပ်ပန်းရောင်လေး၀ယ်
မင်းက မိန်းကလေး နဲ့တူတယ်ဆိုတော့"

Win က လှမ်းစလိုက်တော့

"ဟာ ဗျာ မခေါ်တော့ဘူး"

ဟုဆိုကာ ပခုံးကိုဘယ်ညာခါလိုက်ပြီး
လမ်းဆက်မလျှောက်ဘဲ
မတ်မတ်ကြီးရပ်ကာ
Win ကိုစိုက်ကြည့်နေတော့သည်။

"လာပါ စတာပါကွာ"

Win က Prem ရဲ့ခေါင်းလေးကို
ပုတ်လိုက်သည်။
........................................................
Boun ❤️

LiLi ကိုရှောင်နေတာလည်းကြာပြီ။
အချိန်လည်းမပေးသလို
ဂရုလည်းမစိုက်။

သူ့အပေါ်အပြစ်လုပ်ထားမိသလိုမျိုးကြီး
ခံစားနေရတော့ စိတ်ထဲ ခုလုခုလု။

ဒီနေ့တော့ သူသွားချင်တဲ့နေရာလိုက်ပေးမယ်
သူလိုချင်တာ၀ယ်ပေးမယ်။
သူစားချင်တာ၀ယ်ကျွေးမယ်
လို့ဆုံးဖြတ်ထားတယ်။

နောက်ပြီးစိတ်ထဲမရှင်းတာတွေလည်းရှိနေတယ်။
ဟို၀က်ကလေးရောက်လာပြီးကတည်းက
ဘာတွေဖြစ်နေမှန်းမသိ။

Alpha ဆိုတာကိုလည်း LiLi ကို‌မပြောပြဖြစ်သေး။

အခုလည်းနှစ်ယောက်သားဘေးချင်းယှဉ်ပြီး
လမ်းလျှောက်နေပေမယ့်
စိတ်တွေက နံရံတစ်ဖက်စီ။

"Boun နင်ဘာစားချင်လဲ"

LiLi အမေးကိုပင်မဖြေနိုင်။

"Boun" ထပ်ခေါ်လိုက်မှ

"အင်း တခုခုပေါ့ ရတယ် နင်ကြိုက်တာစား"

"ဒါဆို ရုပ်ရှင်ကြည့်ပြီးမှ
သွားစားကြမယ် နင်ဆာနေပြီလား"

Back To You Where stories live. Discover now