Chapter 8

1.5K 142 0
                                    

ကိုယ့်ကိုယ်ကိုယ်လည်းဝေခွဲမရ။
စိတ်တွေကလည်းအခုတစ်မျိုးတော်ကြာတစ်မျိုး။
ဘာကြိုက်လို့ကြိုက်မှန်းလည်းမသိဘူး။

အခုကျွန်တော်နဲ့ Li Li တွဲလာတာ
1 နှစ်ပြည့်တော့မည်။သူ့အပေါ်တစ်ခါမှမရိုးမသားမတွေးဖူးဘူး။စိတ်နဲ့ပင်အပြစ်မမှားဖူး။

ရည်းစားဖြစ်တော့လည်းအတူတူရုပ်ရှင်ကြည့်တာတို့ရှိပေမယ့် Couple ခုံပင်အတူတူမထိုင်ပေ။ကျွန်တော့်ဖက်ကသူ့ကိုတစ်ခါမှလက်ပင်မကိုင်ခဲ့။သူလက်ဆွဲတာတို့ရှိမှပြန်ကိုင်တာမျိုးရှိသည်။

အခုလည်းကျွန်တော် Li Li ကိုရှောင်နေသည်မှာ ကျောင်းပိတ်ကတည်းက။ကျောင်းပြန်ဖွင့်တဲ့နေ့သူနဲ့တွေ့မည်စိုး၍ basketball ကွင်း၌ တစ်ချိန်လုံးနေနေခဲ့မိသည်။

အမှန်တိုင်းစဉ်းစားလိုက်ရင်LiLi ကိုကျွန်တော်မချစ်ခဲ့ဖူးဘူး။အင်း တစ်ခါမှလည်းမချစ်ခဲ့ဘူး။ဘာလို့လဲဆိုတော့ ကျွန်တော်က Alpha ။ ဟုတ်ပါတယ် ကျွန်တော် Alpha ဖြစ်နေလို့ ပါ။

Alpha ဆိုတာ Omega တွေနဲ့ဘဲဆက်နွယ်ရမယ့်သူလေ။ပြသနာတွေဖြစ်မလာခင် ကျွန်တော်သူနဲ့လမ်းခွဲတာကောင်းမယ်ထင်ပါတယ်။နောက်ပိုင်း ကျွန်တော်အသက်တွေကြီးလာတဲ့အချိန်ထိ တစ်ကယ်လိုအပ်တာ
Omega။

ကျွန်တော် 15နှစ‌်ရောက်မှ Alpha ဆိုတာသိခဲ့ရတယ်။
ဟူး ဒီလိုဘ၀ကြီးကအရမ်းပင်ပန်းတယ်။အခုချိန်ထိ ကျွန်တော် Omega ကိုမတွေ့သေးဘူး။

Boun တစ်ယောက်အတွေးများရန့်တန့်လို့မရ
ဟိုတွေးသည်တွေးနှင့်။ စိတ်တွေအရမ်းရှုတ်ထွေနေသဖြင့် အိပ်ရာပေါ်မှာလူးရင်းလှိမ့်ရင်း။

Prem ကတော့ ကုတင် ရဲ့ သုံးပုံ ပုံ နှစ်ပုံကျော်ကျော်ကိုသူနေရာအပြည့်အ၀ယူကာ အိပ်နေပြန်သည်။သူ့ကိုကြည့်ပြီးအားကျရသည်။သူ့မှာအပူပင်ဆိုတာမရှိ။

အခုလည်း အိပ်မောကျနေပြန်သည်မှာကလေးတစ်ယောက်အလား။သူ့ကိုစိုက်ကြည့်ရင်း နှဖူးပေါ်၌ဝေ့ဝဲနေသော သူ့ဆံပင်လေးကိုသတ်ချလိုက်မိသည်။

"ဟင် ကိုယ်တွေအရမ်းဘဲပူနေပါလား
အဲတာကြောင့်ပင်ပန်းတယ်ပြောပီး
စောစောအိပ်သွားတာပေါ့"

Back To You Where stories live. Discover now