Chapter 10

1.5K 132 0
                                    

"prem စားပြီးရင်ဆေးသောက်ရမယ်နော်"

ကျွန်တော့်စကားကြောင့် ကောင်ငယ်လေးမှာ
နှုတ်ခမ်းလေးစူ မျက်ခုံးလေးတွန့်သွားပြီး
ကျွန်တော့်ကိုမကျေမ‌နပ်နဲ့ကြည့်ကာ

"မသောက်တော့ဘူး အကိုနော်
ရတယ်မလား "

အဲဗျာ ဘယ်လိုလာပြောနေတာလဲ
အရမ်းတွေချစ်ဖို့ကောင်းနေပါပြီ။
ချစ်တယ်ဆိုတာကို၀န်ခံချင်ပေမယ့်
မင်းကိုယ့်စိတ်ရင်းအမှန်‌တွေကိုသိသွားရင်
ကိုယ်တို့နှစ်ယောက်ကြားကဆက်ဆံရေးလေး
ပျက်စီးသွားမှာအရမ်းစိုးရိမ်တယ်။

"အင်း "

ကျွန်တော်ခေါင်းငြိမ့်ပြတော့

"ဒါဘဲလေ ဒီကောင်လေးက
နေကောင်းနေပြီဘဲဟာကို "

သူ့ဟာသူချီးမွမ်းနေသော မောင်ပေါက်စီလေး။

Ph ringtone 🎵🎶

"Hello မား"

Prem အမေဆီကဖုန်းဖြစ်သည်။
ကျွန်တော်ဘေးမှာရှိနေတော့
၀န်ရံတာကိုထွက်ပြီး‌ဖုန်းဆက်ပြောနေသည်။
အချင်း‌ချင်းတွေကိုရှက်နေပြန်ပြီ။

၁နာရီလောက်ကြာမှ အခန်းထဲပြန်၀င်လာကာ
ကုတင်ပေါ်သို့တက်ပြီး ဖုန်းကိုဟိုဆွဲဒီဆွဲလုပ်နေသဖြင့်

"Prem မင်းအိမ်ကဖုန်းလာတာလား"

"အင်း...."

ကျွန်တော့်အမေးကိုတစ်ခွန်းတည်းသာပြန်ဖြေသည်။

Prem တစ်‌ယောက် ကျွန်တော်ပေးထားတဲ့ Lay's အာလူးကြော်တစ်ထုတ်အားဖောက်ပြီးတကျွတ်ကျွတ်နဲ့စားကာ စကားစပြောလိုက်သည်။

"အကို ခွေးချစ်တတ်လား"

"ခွေးမှမဟုတ်ဘူး ငါက အကုန်ချစ်တယ်"

"ခွေးလေးတစ်ကောင်လောက်
မွေးရင်ကောင်းမလားလို့ "

Prem က နံရံကိုမှီကာ ကုတင်ပေါ်၌လှဲနေသောကျွန်တော့်ကို သူ့ဆန္ဒအားသဘောတူပေးရန် တောင်းဆိုသည့်အကြည့်မျိုးနှင့်ကြည့်လိုက်သည်။

တကယ်ပါဗျာ.....အဲလိုမျိုးကြီးသူကြည့်လာရင်
ကျွန်တော်လုံး၀မခံနိုင်ဘူး။သူလိုတာအကုန်ဘဲလုပ်ပေးလိုက်ချင်မိတယ်။

Back To You Where stories live. Discover now