Chapter 7

1.5K 135 0
                                    

"Prem မပြေးနဲ့ .....အကို မင်းနောက်ကိုလိုက်မမှီဘူး"

ကျွန်တော်အရမ်းမောဟိုက်နေပါပြီ။ Prem နောက်ကိုကျွန်တော်ဘယ်လိုပြေးလိုက်ပြေးလိုက် သူကတော့ပျော်ရွှင်မြူးထူးစွာနဲ့ဘဲ အဝေးကိုထွက်ပြေးသွားတယ်။

"မထားခဲ့ပါနဲ့ အကို့ကိုစောင့်ဦးလေ"

ကျွန်တော်မျက်ရည်များကျလာကာ အရမ်းလည်း၀မ်းနည်းနေမိတယ်။ဘာလို့ထားသွားတာလဲ ကျွန်တော်နားမလည်။မျက်ရည်များကတော တာရိုးကျိုးသလိုတားမရဆီးမရပါးပြင်ပေါ်သို့တလိမ့်လိမ့်စီးကျလာပါသည်။ရုတ်တရက်

"အကို Boun အကို Boun "

ဟူသော Prem ရဲ့ခေါ်သံ ချိုမြမြလေးမှာကျွန်တော့်နားထဲသို့ရောက်လာခဲ့သည်။

"အကို ထတော့ ထတော့ " ဟုဆိုပြီး လက်မောင်းကိုကိုင်လှုပ်နေသော ကောင်လေးကြောင့် ကျွန်တော်အိပ်ရာမှနိုးလာခဲ့ပါသည်။

"ဟင် အကိုငိုနေတာလား"

Prem က ကျွန်တော့်ပါးပေါ်ကမျက်ရည်များကိုသုတ်ပေးကာ

"အကိုဘာလို့ငိုနေတာလဲ ဟင် "

ကျွန်တော့်အား ဂရုနာသက်ပြီးကြည့်နေသောကောင်လေးက မျက်လုံးလေးအဝိုင်းသားနှင့်သူ့လက်‌ေချာင်း‌ေလးများဖြင့်ကျွန်တော့်ပါးပြင်အားနူးနူးညံ့ညံ့လေးပွတ်သတ်ပေနေပါသည်။

"အကို စိတ်ပူတယ် Prem "

"ဘာဖြစ်လို့လည်း အကို Prem ကိုပြောပြလေ"

"အိပ်မက်ထဲမှာ အကိုချစ်ရတဲ့သူတစ်ယောက်က အကို့ကိုထားသွားတယ် Prem "

ကျွန်တော့်စကားအဆုံးမှာ Prem က ကျွန်တော့်ခေါင်းလေးကိုပွတ်သတ်ကာ

"မထွက်သွားပါဘူး နော် .....စိတ်ထဲမထားနဲ့ အကို
အိပ်မက်ဆိုတာပြောင်းပြန်ယူရတယ်တဲ့"

သူ့ရဲ့နှိမ့်သိမ့်စကားလေးကြောင့်

"အင်း ဟုတ်ပါတယ်လေ အကိုစိတ်ထဲကထစ်နေလို့"

"အင်း ပြောင်းပြန်ဆိုတော့ အကိုချစ်ရတဲ့သူကတစ်သက်လုံး အကို့နားမှာရှိနေမှာပေါ့"

Prem က ကျွန်တော့်မျက်နှာကိုစိုက်ကြည့်ကာပြုံးပြနေပြန်သည်။ကျွန်တော့်ကိုစိတ်ချမ်းသာအောင်ပြောပေးနေသော ဒီပေါက်စီလေးကတော့ ဖောင်းနေ‌တဲ့ပါးနှစ်ဖက်ကိုဆွဲဖြဲမိပါတော့မယ်။

Back To You Where stories live. Discover now